တစ်ကနေအနန္တကိန်းထိပေါင်းတဲ့အခါသင်ဘာရပါသလဲ။သိသာတာကတော့အနန္တကိန်းမတိုင်ခင်တစ်နေရာမှသင်ကဒီကိန်းတန်းစဉ်ကိုရပ်လျှင်အလွန်တန်ဖိုးများသောကိန်းဂဏန်းတစ်ခုရမှာပါ။ဒါပေမဲ့သင်ဟာအနန္တကိန်းတန်းစုတွေအနေနဲ့ပေါင်းမယ်ဆိုရင် အဖြေက(-1/12)ရပါလိမ့်မယ်။ နေစမ်းပါဦး၊ ဟုတ်ရောဟုတ်ပါ့မလား။ ဟုတ်ပါတယ် ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ ပထမဆုံးသင်္ချာနှင့်ဆိုင်သောကိန်းတန်းစဉ်အချို့ကိုသတ်မှတ်ရန်လိုပါလိမ့်မည်။ ကန့်သတ်ချက်အနေနဲ့အပေါင်းကိန်းပြည့်များဖြစ်ကြသောသဘာဝကိန်းတွေကိုပဲ အသုံးပြုမှာဖြစ်ပါတယ်၊ အပိုင်းကိန်းနှင့်အခြားကိန်းတွေပါ ပါလာရင် ထိန်းမနိုင်သိမ်းမရတဲ့ အနန္တကိန်းများ ကိုရလိမ့်မည်ဖြစ်၍ မတူသော အဖြေများကိုရလိမ့်မည်။ ဒုတိယအချက်အနေနဲ့ကတော့ ဒီလိုကိန်းစဉ်တန်းများဟာ limitမရှိသောကြောင့် divergentဖြစ်တယ်။ ပေါင်းပုံပေါင်းနည်းကတော့ ရိုးရိုးပါပဲ ဒါပေမယ့် ကိန်းဂဏန်းတစ်ခုချင်းစီကို...