ဆဲလ်တစ်ခုဟာရှင်သန်နေချိန်အတွင်း လှုံ့ဆွခံရတဲ့အခါ၊ သူသဘာဝအတိုင်းပြောင်းလဲမှုဖြစ်နေတဲ့အခါ၊ ဒါမှမဟုတ်ပတ်ဝန်းကျင်အပြောင်းအလဲတွေနဲ့တွေ့ရတဲ့အခါ ၎င်း ဆဲလ်အတွင်းမှာ ဘာတွေဘယ်လိုများဖြစ်ပျက်နေပါသလဲ။ VIB-UGent Center for Inflammation Research မှသုတေသီတွေဟာ အထက်ဖေါ်ပြပါ ဆဲလ်တွေရဲ့ ဖြစ်စဉ်တွေကို အကောင်းဆုံး ခြေရာခံပုံဖေါ်ပေးနိုင်မယ့် နည်းလမ်းတခုကို ဖော်ထုတ်ထားပါတယ်။ သူတို့ဟာ ဆဲလ်တွေရဲ့ဖွံ့ဖြိုးရှင်သန်မှုကိုခြေရာခံပြီး ပုံဖော်နားလည်နိုင်ဖို့အတွက် လက်ရှိကြုံတွေ့နေရတဲ့ အရေးပါတဲ့...