ဆွေးမြေ့ခြင်းအနုပညာ
တိုးတက်လာတဲ့လူနေမှုစနစ်ထဲမှာ ပုပ်သိုးဆွေးမြေ့ခြင်းဟာပျက်စီးဆုတ်ယုတ်ခြင်းရဲ့ သရုပ်သကန်လို့ပဲမှတ်ယူပြီး ဆိုးကျိုးတခုအနေနဲ့ထင်မှတ်လေ့ရှိပါတယ်။ ပုပ်တယ်ဆိုတာနဲ့အနံ့အသက်ဆိုးဆိုးရွားရွားတွေထွက်လာပြီး ဒါဟာသေကြေပျက်စီးခြင်းရဲ့ နိမိတ်တခုဖြစ်တာမို့၊ မြို့ပြပတ်ဝန်းကျင်က ယိုယွင်းပျက်စီးမှုတွေကနေပြီး တကိုယ်ရေတကာယ သွားပိုးစားတဲ့အခေါင်းပေါက်ကလေးထဲက အနံ့ဆိုးတွေအထိ ဆွေးမြေ့ခြင်းဟာ အမင်္ဂလာ အရာတခုလိုမှတ်ယူကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ပုပ်သိုးဆွေးမြေ့ခြင်းဟာ သဘာဝတရားကြီးပုံမှန်လည်ပတ်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ဇီဝဖြစ်စဉ်တခုဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကနေပြီးတော့ပဲ အဟောင်းတွေကို အသစ်ပြန်ဖြစ်စေတာပါ။ ကျွန်တော်တို့နေထိုင်တဲ့...
ဆဲလ်ဖွံ့ဖြိုးမှုဖြစ်စဉ်အပေါ် AI နည်းပညာကဆောင်ယူလာတဲ့အမြင်သစ်
ဆဲလ်တစ်ခုဟာရှင်သန်နေချိန်အတွင်း လှုံ့ဆွခံရတဲ့အခါ၊ သူသဘာဝအတိုင်းပြောင်းလဲမှုဖြစ်နေတဲ့အခါ၊ ဒါမှမဟုတ်ပတ်ဝန်းကျင်အပြောင်းအလဲတွေနဲ့တွေ့ရတဲ့အခါ ၎င်း ဆဲလ်အတွင်းမှာ ဘာတွေဘယ်လိုများဖြစ်ပျက်နေပါသလဲ။ VIB-UGent Center for Inflammation Research မှသုတေသီတွေဟာ အထက်ဖေါ်ပြပါ ဆဲလ်တွေရဲ့ ဖြစ်စဉ်တွေကို အကောင်းဆုံး ခြေရာခံပုံဖေါ်ပေးနိုင်မယ့် နည်းလမ်းတခုကို ဖော်ထုတ်ထားပါတယ်။ သူတို့ဟာ ဆဲလ်တွေရဲ့ဖွံ့ဖြိုးရှင်သန်မှုကိုခြေရာခံပြီး ပုံဖော်နားလည်နိုင်ဖို့အတွက် လက်ရှိကြုံတွေ့နေရတဲ့ အရေးပါတဲ့...
သင့်ခန္ဓာကိုယ်ဟာ အချိန်၇နှစ်ကြာပြီးတိုင်း ခန္ဓာအသစ်အဖြစ် ကိုယ်တိုင်အစားထိုးနိုင်ပါသလား
လူ့ခန္ဓာကိုယ်က ဆဲလ်တွေဟာ အချိန်နဲ့အမျှဖြစ်ပျက် ပြောင်းလဲနေတာကြောင့် လူတယောက်ရဲ့ မွေးဖွားချိန်ကစလို့ ၇နှစ်ပြည့်တိုင်းမှာ ခန္ဓာကိုယ်ဟာ လုံးဝအသစ်ပြန်ဖြစ်သွားတယ်ဆိုတာကို သင်ကြားဖူးပါသလား။တွေးကြည့်မယ်ဆိုရင်တော့ ဒီစိတ်ကူးဟာ ဖီးနစ်ငှက်တွေ မီးလျှံထဲတိုးပြီး ခန္ဓာကိုယ်အသစ်ရတာနဲ့ ဆင်တူတာကြောင့် အတော်လေးကြည်နူးစရာကောင်းတဲ့ စိတ်ကူးတခုပါပဲ။တကယ့်လက်တွေ့မှာတော့ ဒါဟာမှန်ကန်ခြင်းမရှိပါဘူး။အချိန် ၇နှစ်ဆိုတဲ့ သက်တမ်းတခုဟာလဲ လူ့ခန္ဓာကိုယ်က ဆဲလ်တွေအားလုံးတိုင်းရဲ့ ပျမ်းမျှဖြစ်တည်မှုကြာချိန် အကြမ်းဖျင်းလောက်အတွက်တောင် လုံလောက်တဲ့...
အပင်စိုက်ရာမှာ ပုံမှန်ထက်ရေလျှော့သုံးနိုင်တဲ့ ဇီဝနည်းလမ်းသစ်
အပင်တွေဟာ Carbon တွေနဲ့အဓိကတည်ဆောက်ထားတာဖြစ်ပြီး ဒီ Carbon တွေကို လေထုထဲမှာရှိတဲ့ CO2 ကနေအဓိက ရရှိတာဖြစ်ပါတယ်။ သင့်အနေနဲ့အမှုမဲ့အမှတ်မဲ့ဖြစ်နေနိုင်ပေမဲ့ အပင်တွေက အဓိကအားဖြင့်လေကိုစားပြီး ကြီးထွားရတဲ့သက်ရှိတွေပါ။ အစာကွင်းဆက်နဲ့ချိတ်ဆက်စဉ်းစားလိုက်ရင်တော့ လူသားအပါအဝင် သက်ရှိမှန်သမျှက လေထဲက Carbon ကိုအမှီပြုပြီး ဖွံ့ဖြိုးကြီးထွားရတာဖြစ်ပါတယ်။ ကမ္ဘာပေါ်က ရေချို ၇၀% လောက်ကို...
အပင်တွေရေကိုဘယ်လိုခြွေတာကြသလဲ
Stomata ဆိုတာ အပင်ရဲ့ အရွက်ပေါ်ရှိသေးငယ်တဲ့အပေါက်လေးတွေဖြစ်ပြီးတော့ အဲ့အပေါက်လေးတွေက ကျွန်ုပ်တို့ရဲ့ ကမ္ဘာမြေပေါ် ရှင်သန်မှုအတွက်ကြီးမားတဲ့ လွှမ်းမိုးသက်ရောက်မှုရှိပါတယ်။ Stomata ကိုဖြတ်ပြီးတော့ အပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူတာဖြစ်ပါတယ်။ အဲ့ဒီ CO2 ထဲမှာပါရှိတဲ့ Carbon ကနေမှတဆင့် အပင်ရဲ့ Cell တွေကိုတည်ဆောက်ထားတဲ့ Carbohydrate တွေကိုရရှိတာဖြစ်ပါတယ်။ Stomata...
A သွေးကို O သွေးဖြစ်အောင်ပြောင်းပေးမယ့် ဘက်တီးရီးယား
အရေးပေါ်ခွဲစိတ်ကုသမှုတွေ၊ မတော်တဆဖြစ်မှုတွေနဲ့၊ ပုံမှန်သွေးသွင်းရတဲ့ကိစ္စရပ်တွေအတွက်အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ဆေးရုံတွေမှာ တနေ့တာအသုံးပြုရတဲ့သွေးပမာဏက 16,500 လီတာဝန်းကျင်ရှိပါတယ်။ ဒါဟာ ဂါလန် 1600 မီးသတ်ကား ၂ စီးစာထက်တောင်ပိုများတဲ့ပမာဏဖြစ်ပါတယ်။ ဒါပေမဲ့ သွေးသွင်းတဲ့အခါတွေ့ကရာသွေးကိုသွင်းလို့မရတာလူတိုင်းအသိဖြစ်ပါတယ်။လိုက်ဖက်မညီတဲ့သွေးသွင်းမိတယ်ဆိုရင် လူနာအသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ်။ အူလမ်းကြောင်းထဲက Bacteria တွေကိုလေ့လာနေတဲ့ သုတေသီတဖွဲ့ဟာ A သွေးအမျိုးအစားကို ဘယ်သွေးအမျိုးအစားပိုင်ရှင်ကမဆို လက်ခံသွင်းယူနိုင်အောင် ပြောင်းလဲပေးနိုင်တဲ့ အင်ဇိုင်း...