Category: သဘာဝပတ်ဝန်းကျင်

စစ်ကိုင်းပြတ်ရွေ့အကြောင်းတစေ့တစောင်း

ကျွန်တော်တို့နေထိုင်ရာကမ္ဘာကြီး၏ မြေမျက်နှာပြင်သည်တည်ငြိမ်သည်ဟုထင်ရ သော်လည်းအစဉ်မပြတ်ရွေ့လျားလျက်ရှိသည်။ ဆိုလိုသည်မှာကမ္ဘ့ာအတွင်းပိုင်းရှိချော်ရည်များ ကမ္ဘာ့အပြင်ဖက်မြေမျက်နှာပြင်ပေါ်သို့ အစဉ်မပြတ်တိုးဝင်မှုများကြောင့် ကမ္ဘာမြေထုချပ်ကြီးများ(tectonic plates)တဖြည်းဖြည်းရွေ့သွားနေခြင်းကိုဆိုလိုသည်။ ထိုကဲ့သို မြေထုချပ်ကြီးများ ရွေ့နေရာမှ တစ်ခုနှင့်တစ်ခု တွေ့ဆုံကျသောအခါ ပွတ်တိုက်မှုများဖြစ်ပေါ်ပြီး မြေမျက်နှာသွင်ပြင်သည်လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်သွားသည်။ ကမ္ဘာမြေမျက်နှာသွင်ပြင် ပြောင်းလဲမှုများအနက်ပြတ်ရွေ့များ(faults) သည်လည်းတစ်ခုအပါအဝင်ဖြစ်သည်။ ပြတ်ရွေ့များသည် အက်ကွဲကြောင်းတစ်ခုအတိုင်း မြေသားထုကျိုးပြတ်ကာ တစ်ဖက်တစ်ချက်ရှိကျောက်များ ရွေ့သွားသောကြောင့်...

သင်မသိသေးတဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက် ၅ ခု

ဥပမာအားဖြင့် ဝင်ရိုးစွန်းကရေခဲပြင်တွေအရည်ပျော်ပြီး လျော့နည်းပျောက်ကွယ်လာတာ၊ တိရစ္ဆာန်မျိုးစိတ်တွေ မျိုးသုဉ်းပျောက်ကွယ်လာတာ၊ ရာသီဥတုတွေပြောင်းလဲဖောက်ပြန်လာတာမျိုးတွေပေါ့။  တကယ်တမ်းမှာ ကမ္ဘာ့လေထုက ကမ္ဘာပေါ်မှာဖြစ်ပျက်သမျှအရာအားလုံးအပေါ်လွှမ်းမိုးသက်ရောက်နိုင်တာမို့ သင်မသိသေးတဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ ရှုပ်ထွေးတဲ့အကျိုးဆက်တွေ ရှိကောင်းရှိနေနိုင်ပါတယ်။  အဲ့ဒီထဲက တချို့အကျိုးဆက်တွေက မဖြစ်နိုင်ဘူးလို့တောင်ထင်စရာရှိပါတယ်။ ဒါပေမယ့် အဲ့ဒါတွေက ထိတ်လန့်အံ့ဩဖွယ်ရာ အမှန်တရားတွေပါ။ နံပါတ်စဉ်လေးတွေတပ်ပြီးရေးသားထားတာမို့ ဆက်လက်ဖတ်ရှုကြည့်ပါဦး   ၁။ပိုခက်ခဲလာမယ့် လေကြောင်းခရီးစဉ်များ...

ဆွေးမြေ့ခြင်းအနုပညာ

တိုးတက်လာတဲ့လူနေမှုစနစ်ထဲမှာ ပုပ်သိုးဆွေးမြေ့ခြင်းဟာပျက်စီးဆုတ်ယုတ်ခြင်းရဲ့ သရုပ်သကန်လို့ပဲမှတ်ယူပြီး ဆိုးကျိုးတခုအနေနဲ့ထင်မှတ်လေ့ရှိပါတယ်။ ပုပ်တယ်ဆိုတာနဲ့အနံ့အသက်ဆိုးဆိုးရွားရွားတွေထွက်လာပြီး ဒါဟာသေကြေပျက်စီးခြင်းရဲ့ နိမိတ်တခုဖြစ်တာမို့၊ မြို့ပြပတ်ဝန်းကျင်က ယိုယွင်းပျက်စီးမှုတွေကနေပြီး တကိုယ်ရေတကာယ သွားပိုးစားတဲ့အခေါင်းပေါက်ကလေးထဲက အနံ့ဆိုးတွေအထိ ဆွေးမြေ့ခြင်းဟာ အမင်္ဂလာ အရာတခုလိုမှတ်ယူကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ပုပ်သိုးဆွေးမြေ့ခြင်းဟာ သဘာဝတရားကြီးပုံမှန်လည်ပတ်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ဇီဝဖြစ်စဉ်တခုဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကနေပြီးတော့ပဲ အဟောင်းတွေကို အသစ်ပြန်ဖြစ်စေတာပါ။ ကျွန်တော်တို့နေထိုင်တဲ့...

ပလပ်စတစ်အမှိုက်ဖျက်သိမ်းနည်းများ

မြန်မာနိုင်ငံမှာ ပလပ်စတစ်အမှိုက်တွေနဲ့ပတ်သက်ပြီး #Cleanup Challenge တွေအရှိန်အဟုန်မြင့်လုပ်ဆောင်နေတာ အားရကြေနပ်ဖွယ်တွေ့ရှိရပါတယ်။ ဒါပေမယ့် ဒီလို စည်းကမ်းမဲ့ စွန့်ပစ်ပစ္စည်းတွေကို သိမ်းဆည်းထုပ်ပိုးပြီးတဲ့အခါမှာ ဘယ်လိုဖျက်သိမ်းကြသလဲဆိုတာက အရေးကြီးတဲ့ ကိစ္စရပ်တခုပါပဲ။ ဒီနေ့ Post ကတော့ ပလပ်စတစ်အမှိုက်တွေ ကိုသိမ်းဆည်းဖျက်ဆီးရာမှာ အဓိကကျအသုံးများတဲ့ နည်းလမ်း လေးမျိုးအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ အဲ့ဒီနည်းလမ်းလေးခုကတော့ •...