ကျွန်တော်တို့နေထိုင်ရာကမ္ဘာကြီး၏ မြေမျက်နှာပြင်သည်တည်ငြိမ်သည်ဟုထင်ရ သော်လည်းအစဉ်မပြတ်ရွေ့လျားလျက်ရှိသည်။ ဆိုလိုသည်မှာကမ္ဘ့ာအတွင်းပိုင်းရှိချော်ရည်များ ကမ္ဘာ့အပြင်ဖက်မြေမျက်နှာပြင်ပေါ်သို့ အစဉ်မပြတ်တိုးဝင်မှုများကြောင့် ကမ္ဘာမြေထုချပ်ကြီးများ(tectonic plates)တဖြည်းဖြည်းရွေ့သွားနေခြင်းကိုဆိုလိုသည်။ ထိုကဲ့သို မြေထုချပ်ကြီးများ ရွေ့နေရာမှ တစ်ခုနှင့်တစ်ခု တွေ့ဆုံကျသောအခါ ပွတ်တိုက်မှုများဖြစ်ပေါ်ပြီး မြေမျက်နှာသွင်ပြင်သည်လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်သွားသည်။ ကမ္ဘာမြေမျက်နှာသွင်ပြင် ပြောင်းလဲမှုများအနက်ပြတ်ရွေ့များ(faults) သည်လည်းတစ်ခုအပါအဝင်ဖြစ်သည်။ ပြတ်ရွေ့များသည် အက်ကွဲကြောင်းတစ်ခုအတိုင်း မြေသားထုကျိုးပြတ်ကာ တစ်ဖက်တစ်ချက်ရှိကျောက်များ ရွေ့သွားသောကြောင့်...