အပင်တွေရေကိုဘယ်လိုခြွေတာကြသလဲ
June 25, 2019
Stomata ဆိုတာ အပင်ရဲ့ အရွက်ပေါ်ရှိသေးငယ်တဲ့အပေါက်လေးတွေဖြစ်ပြီးတော့ အဲ့အပေါက်လေးတွေက ကျွန်ုပ်တို့ရဲ့ ကမ္ဘာမြေပေါ် ရှင်သန်မှုအတွက်ကြီးမားတဲ့ လွှမ်းမိုးသက်ရောက်မှုရှိပါတယ်။ Stomata ကိုဖြတ်ပြီးတော့ အပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူတာဖြစ်ပါတယ်။ အဲ့ဒီ CO2 ထဲမှာပါရှိတဲ့ Carbon ကနေမှတဆင့် အပင်ရဲ့ Cell တွေကိုတည်ဆောက်ထားတဲ့ Carbohydrate တွေကိုရရှိတာဖြစ်ပါတယ်။
Stomata ပေါက်လေးတွေက အပင်တွေရေဓာတ်ဆုံးရှုံးရတဲ့ အပေါက်ငယ်လေးတွေဖြစ်နေပြန်ပါတယ်။ အလွန်ခြောက်သွေ့တဲ့ပတ်ဝန်းကျင်မှာဆိုရင် ဒီလိုရေဓာတ်ဆုံးရှုံးမှုက အပင်ရဲ့ရှင်သန်မှုကိုပါခြိမ်းခြောက်နိုင်ပါတယ်။
ဒီအတွက် အပင်တွေမှာ ပတ်ဝန်းကျင်စိုထိုင်းဆနဲ့ လိုက်လျောညီထွေမှုရှိအောင် Stomata အပေါက် အကျဉ်း၊အကျယ်ကို ညှိယူပေးနိုင်မယ့် ရှုပ်ထွေးတဲ့အချက်ပြစနစ်တွေဟာ ဖွံဖြိုးဖြစ်တည်လာရပါတော့တယ်။ အပင်တွေဟာ အလင်းရောင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် နဲ့ ရေရရှိမှုအပေါ်အခြေတည်ပြီးတော့ Stomata ပေါက်ငယ်လေးတွေကို အဖွင့်အပိတ်လုပ်ပေးနိုင်ပါတယ်။

ဒီလို ထိန်းချုပ်လှုပ်ရှားမှုတွေပြုလုပ်နိုင်ဖို့ အချက်ပြစနစ်တွေက ဘယ်လိုများဖွံ့ဖြိုးလာခဲ့တာပါလဲ
ဂျာမနီနိုင်ငံ၊ Bavaria မြို့ရှိ Julius-Maximilians-Universitat Wurzburg (JMU) က ရုက္ခဗေဒပညာရှင် Rainer Hedrich နဲ့အဖွဲ့က ဒီမေးခွန်းအတွက် အဖြေရှာနေခဲ့တာပါ။
“လောလောဆယ်မှာ အပင်မျိုးစိတ်ပေါင်းများစွာကနေပြီးတော့ အချက်အလက်တွေကိုစုဆောင်းပြီး ဆန်းစစ်မှုတွေပြုလုပ်နေပါတယ်။ ဒီလို အချက်ပြစနစ်တွေကိုလေ့လာရာကနေ ရရှိလာတဲ့ဗဟုသုတတွေကို စားပင်သီးပင်တွေစိုက်ပျိုးထုတ်လုပ်ရာမှာပြန်လည်အသုံးချပြီး စိုက်ပျိုးရေးအတွက် ရေအသုံးချမှုကို လျှော့ချပေးနိုင်ဖွယ်ရှိပါတယ်” ဟု ပါမောက္ခ Hedrich မှပြောပါတယ်။
ပြောရမယ်ဆိုရင် သောက်သုံးလို့ရတဲ့ရေချိုအတော်များများက ဆည်မြောင်းတွေကနေတဆင့် စိုက်ပျိုးမြေတွေဆီသွယ်တန်းရောက်ရှိပြီး နောက်ဆုံးမှာ အဲ့ဒီရေတွေက Stomata ပေါက်ငယ်လေးတွေကနေတဆင့် လေထဲအငွေ့ပျံသွားသလိုဖြစ်နေပါတယ်။ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုတွေက ရေရှားပါးမှုဒါဏ်ကိုခံနိုင်တဲ့ အပင်တွေကို အသဲအသန်သုတေသနပြုရှာဖွေနေရခြင်းရဲ့ အကြောင်းအရင်းတခုဖြစ်ပါတော့တယ်။

အရေးပါတဲ့ Genes တွေရဲ့သမိုင်းကိုပြန်လည်သတ်မှတ်ခြင်း
JMU က သုတေသီတွေဖြစ်ကြတဲ့ Dr. Frances Sussmilch၊ Professor Jörg Schultz၊ Professor Hedrich, နဲ့ Dr. Rob Roelfsema တို့ဟာ အပင်တွေရဲ့ ရေဓာတ်ထိန်းညှိမှုအတွက် အချက်ပြစနစ်တွေနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိနားလည်ထားသမျှကို စုစည်းပြီးတော့ Trends in Plant Science ဆိုတဲ့ သိပ္ပံသုတေသနစာစောင်မှာထည့်သွင်းရေးသားခဲ့ပါတယ်။
Wurzburg နဲ့အဖွဲ့က အပွင့်ပွင့်တဲ့ အပင်တွေရဲ့ Stomata ပေါက်တွေရဲ့ လှုပ်ရှားမှုနဲ့အဓိကဆက်နွယ်နေတဲ့ Genes တွေဖွံ့ဖြိုးတိုးတက်လာမှုပုံစံကို ပြန်လည်ဆန်းစစ်အဓိပ္ပါယ်ဖွင့်ခဲ့ကြတာပါ။ ဆန်းစစ်မှုအရ ဒီ Genes အများစုက ရေညှိစိမအပါအဝင် အားလုံးသော အပင်မျိုးကွဲတွေမှာရှိတဲ့ သက်တမ်းရင့် Gene မိသားစုဝင်ထဲမှာ ပါဝင်နေကြတာကို သိရပါတယ်။ ဒီသက်တမ်းရင့် Gene မိသားစုတွေဟာ အပင်တွေကုန်းပေါ်မပေါက်ရောက်ခင်အချိန်ကတည်းက ဖြစ်တည်ဖွံ့ဖြိုးနေခဲ့ကြတာ ဖြစ်နိုင်ပါတယ်။
သုတေသီတွေဟာ အလင်းရောင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် အခြေအနေပေါ်မူတည်ပြီး အရွက်ရဲ့စိမ့်ပေါက် (Stomata) အကျဉ်းအကျယ် ကိုထိန်းညှိပေးနိုင်တဲ့ သီးသန့် Genes တွေက အပွင့်ပွင့်တဲ့အပင်တွေနဲ့အသီးသီးတဲ့အပင်တွေမှာပဲ သီးသန့် ဖွံ့ဖြိုးလာခဲ့တာကိုသိရှိသဘောပေါက်ခဲ့ကြပါတယ်။ ဒါဟာအတူဆင်းသက်လာတဲ့ ဖန်း(Fern) ပင်တွေနဲ့ခြားနားချက်ဖြစ်ပါတယ်။
အရွက်မှာပါတဲ့ စိမ့်ပေါက်လေးကိုသေချာအသေးစိတ်ကြည့်လိုက်မယ်ဆိုရင် အပေါက်ငယ်လေးကို ဝန်းရံထားတဲ့ Guard Cells နှစ်ခု အရွက်အတွင်း ရေဖိအားများတဲ့အခါ စိမ့်ပေါက်ကို ဖွင့်ဟပေးပါပြီး အရွက်အတွင်းရေဖိအား နည်းတဲ့အခါ စိမ့်ပေါက်ငယ်လေးကို ပိတ်ပေးတာကို့တွေ့ရှိရမှာဖြစ်ပါတယ်။
အပွင့်ပွင့်တဲ့အပင်တွေမှာပါရှိတဲ့ Guard Cells တွေမှာဆိုရင် အချက်ပြ Genes တွေက တမူထူးခြားပြီး အခြားသာမာန်အရွက်မှာပါရှိတဲ့ Cellsတွေထက်ကိုပိုပြီးအရေအတွက်များနေပါတယ်။ ဒါက အရွက်ထဲမှာရှိတဲ့ ရေဖိအားကိုထိန်းချုပ်နိုင်မှုနဲ့ အဓိကဆက်နွယ်နေနိုင်ပါတယ်။
သုတေသီတွေဟာ Physcomitrella patens ရေမှော်အမျိုးအစားမှာပါရှိတဲ့ Genes တွေကိုလည်း လေ့လာခဲ့ကြပါတယ်။
ကျွန်တော်တို့လေ့လာတဲ့ ရေမှော်အမျိုးအစား ရဲ့ Genes တွေကတော့ စိမ့်ပေါက်တွေဖြစ်တည်နိုင်တဲ့ Tissue တွေအတွက် သီးသန့်ဖြစ်တည်လာတာမျိုးမဟုတ်တာတွေ့ရပါတယ်။ ဒါပေမဲ့ ဒီ Genes တွေဟာ အရွက်တရွက်အတွင်းမှာပဲ စိမ့်ပေါက်မပါတဲ့ Tissues တွေမှာရှိတဲ့ Cells တွေအားလုံးမှာ ပျံ့နှံ့တည်ရှိနေတာကိုတွေ့ရပါတယ်။ လို့ Frances Sussmilch. Rob Roelfsema ကပြောပါတယ်။
ဒီအချက်ပြစနစ်တွေဟာ ရှေးဦးမူလအပင်မျိုးရင်းဆီကနေ ရေမှော်ပင်တွေနဲ့ ပန်းပွင့်တဲ့အပင်တွေ သီးသန့်ကိုယ်စီ ခွဲထွက်ဖွံ့ဖြိုးပြီးချိန်မှာ ဖြစ်တည်တိုးတက်လာတယ်လို့ ယူဆရပါတယ်လို့ Jörg Schultz က ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ကိုးကား
https://en.wikipedia.org/wiki/Stoma
https://m.phys.org/news/2019-02-how-plants-learned-to-save.html
https://linkinghub.elsevier.com/retrieve/pii/S1360138519300147
https://en.wikipedia.org/wiki/Stoma
https://m.phys.org/news/2019-02-how-plants-learned-to-save.html
https://linkinghub.elsevier.com/retrieve/pii/S1360138519300147
Sharing is caring