အမေ့လျော့ခံ LGBT သိပ္ပံပညာရှင်များ

လောကကြီးကို ကိုယ်မြင်တွေ့ခံစားရတာတွေနဲ့ သိမြင်ပုံဖော်ရတာမဟုတ်လား။ သိပ္ပံပညာရှင်တွေ အတွက်လည်းဒီလိုပါပဲ

ရှာဖွေလေ့လာမှုတွေမှာ လက်တွေ့ပြုလုပ်သူရဲ့ ဘက်လိုက်မှုနဲ့ အစွဲကြောင့်မှားတဲ့ အမှားမျိုးနည်းနိုင်သမျှနည်းအောင် စနစ်တကျပြုစုထားတဲ့ သိပ္ပံနည်းလမ်းတွေက ကူညီလမ်းပြပေးနေချိန်မှာပဲ လူတွေအနေနဲ့ကလည်း ဘာကိုလေ့လာမယ် ဘယ်လိုပုံစံ ကောက်ချက်ချ အဓိပ္ပါယ်ဖော်ကြမလဲဆိုတာကို တချိန်လုံး တွေးတောနေကြတာဖြစ်ပါတယ်။

ဒါကြောင့် မတူကွဲပြားခြင်းဆိုတာ အရမ်းအရေးကြီးရခြင်းဖြစ်ပါတယ်။ မတူညီတဲ့ အတွေးအခေါ်တွေ၊ဆုံးဖြတ်ချက်တွေနဲ့ ရှုဒေါင့်ပေါင်းစုံကနေ စူးစမ်းလေ့လာမှ လောကကြီးအပေါ် ပြီးပြည့်စုံစွာနားလည်နိုင်မှာဖြစ်ပါတယ်။

သိပ္ပံနည်းကျလေ့လာတွေ့ရှိချက်တွေကို ဖော်ထုတ်ခဲ့ကြတဲ့ ထူးချွန် ထက်မြက် တဲ့ LGBT သိပ္ပံပညာရှင်တွေလည်း ကမ္ဘာမှာရှိခဲ့ ကြပါတယ်။ သူတို့ကို ဂုဏ်ပြုတဲ့ အနေနဲ့ United States မှာ June လကို LGBT Pride Month အဖြစ်သတ်မှတ်ပေးထားတယ်။ အခုဖော်ပြပေးမှာက ကမ္ဘာပေါ်က LGBT သိပ္ပံပညာရှင် (၅) ယောက်အယောက်အကြောင်း ဖြစ်ပါတယ်။

Sir Francis Bacon

သူတို့ခေတ်က လူပေါ်လူဇော်တွေရဲ့ထုံးစံအတိုင်း Bacon ကဘက်စုံကျွမ်းကျင်သူတစ်ယောက်အဖြစ်ပါတယ်။ သူဟာ ရှေ့နေတစ်ယောက် ၊နိုင်ငံရေး ဦးဆောင်သူတစ်ယောက် ၊ နောက်ပြီး ဒဿန ပညာရှင်လို့လည်း ကျော်ကြားခဲ့တယ်။ သူ့ကိုသိပ္ပံဆိုင်ရာ နည်းလမ်းတွေရဲ့ ဖခင်တစ်ယောက်အဖြစ်သတ်မှတ်ခဲ့ကြတယ်။ သိပ္ပံဖတ်စာအုပ်တွေမှာ သူ့ရဲ့အောင်မြင်မှုတွေကိုဖော်ပြထားပေမဲ့ သူဟာ gay တစ်ယောက်ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကိုတော့ ချန်လှပ်ထားခဲ့ကြပါတယ်။ Sir Francis Bacon ဟာသူ့ရဲ့အိမ်မှာ ရုပ်ဖြောင့်တဲ့ အမျိုးသား အခြွေအရံအစေအပါး ၇၅ ယောက်လောက်ကို ခန့်ထားတာဖြစ်ပါတယ်။

သူတို့အားလုံးကို Bacon က အရေးပါတဲ့ ရာထူးတွေခန့်အပ်ထားပြီး တန်ဖိုးကြီးလက်ဆောင်တွေလဲ ပေးလေ့ရှိပါတယ်။ Bacon အမေနဲ့အကို အပြန်အလှန်ပို့ထားတဲ့စာတွေအရ Bacon ဟာ အထက်ပါလူတွေကို အခြွေအရံထက်ပိုပြီး ဦးစားပေးဆက်ဆံခဲ့တယ်လို့ ယူဆရပါတယ်။

အခြွေအရံတွေထဲက Sir Tobie Matthew ဆိုတဲ့ ငယ်ရွယ်ချောမောတဲ့သူဟာ Bacon ရဲ့ အရင်းနှီးဆုံး စိတ်အချရဆုံး သူငယ်ချင်း ဖြစ်လာခဲ့ပါတယ်။ Bacon ရဲ့ အကျော်ကြားဆုံးဆောင်းပါးတွေထဲကတစ်ပုဒ် ဖြစ်တဲ့ “Of Friendship” ဆိုတဲ့ ဆောင်းပါးဟာ Tobie ကို ရည်ရွယ်ရေးသားခဲ့တာပဲဖြစ်ပါတယ်။

သူ့ရဲ့ social life က ဘယ်လိုဖြစ်ခဲ့ ဖြစ်ခဲ့ သူ့ရဲ့ ထက်မြက်လွန်းတဲ့ အတွေးအခေါ်တွေ၊ လုပ်ရပ် တွေနဲ့ ပြဿနာ တွေ၊ ကိစ္စရပ်တွေက ဒီနေ့ခေတ် သိပ္ပံပညာရပ်အတွက် များစွာအထောက်အကူဖြစ်ခဲ့ပါတယ်။

Florence Nightingale

Florence Nightingale ကိုတော့ သူနာပြုအတတ် ရှေ့ဆောင်ဖန်တီးသူလို့ သိကြပါတယ်။ သူမက စာရင်းအင်း ပညာကို လမ်းသစ်ဖောက်သူတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ သူမရဲ့ ပြောင်မြောက်လှတဲ့ စွမ်းရည်တွေ ၊. ကျွမ်းကျင်မှုတွေနဲ့ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့ပါတယ်။ သူမရဲ့ စိတ်နေစိတ်ထား ၊ ကောင်းမွန်တဲ့ သဘောထား တွေ၊လူတွေကို ကူညီတတ်တဲ့ အမူအကျင့်တွေ ကို လူ့ပတ်ဝန်းကျင်ကို ပျံ့နှံ့ စေခဲ့တယ် ။ သင်ကိုယ်တိုင်တောင်လူ့ပေါ်ကျော့ တစ်ယောက်လိုနေမယ်ဆိုရင် အဲ့လိုနေမယ့်အစား သူမရဲ့စိတ်ဓာတ်ကို ပြေးပြီး မြင်ယောင်လိုက်မိတာမျိုး ဖြစ်စေခဲ့တာပါ။

Nightingale ရဲ့ ဘဝမှာ အံ့ဩစရာကောင်းတဲ့ relationship နှစ်ခု ရှိခဲ့တယ်။ တစ်ယောက်ကတော့ သူ့ရဲ့ အန်တီ Mai Smith နဲ့ပဲဖြစ်ပါတယ်။

Florence Nightingale ဟာ သူနာပြုအတတ်ပညာကို စတင်လမ်းပြဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့စာရင်းအင်းပညာရှင်တစ်ယောက်လဲဖြစ်တာမို့ သူမရဲ့ပြောင်မြောက်တဲ့စွမ်းရည်တွေနဲ့ လူ့အသက်ပေါင်းများစွားကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူမဟာ Data Visualization အတွက် ကြီးမားတဲ့ အထောက်

အကူများစွာပေးနိုင်ခဲ့သူလဲဖြစ်ပါတယ်။ အကယ်၍ သင်ဟာ Coxcomb Diagram ကို မြင်ဖူးတယ်ဆိုရင် သူမရဲ့ ကြိုးစားအားထုတ်မှုကိုပါ မြင်ဖူးပြီးသားဖြစ်ပါလိမ့်မယ်။ နိုက်တင်ဂေးလ်ရဲ့ဘဝမှာ အမျိုးသမီးနှစ်ဦးနဲ့ အထူးတလည်ပတ်သက်မှုမျိုး ရှိခဲ့ဖူးပါတယ်။ တစ်ဦးကတော့ သူမရဲ့အဒေါ် Mai Smith ဖြစ်ပါတယ်။

Mai Smith က Nightingale ဖျားနာခဲ့စဉ်က သူမကိုပြုစုပေးခဲ့တာပါ။ ပြီးတော့ သူမကို ကာကွယ်ပေးသူ ၊နှစ်သိမ့်ပေးသူ၊ သူမရဲ့အတွင်းရေးကအစ ကြားခံ ဆောင်ရွက်ပေးသူဖြစ်ခဲ့တယ်။ နောက်တစ်ယောက်ကတော့ သူမရဲ့ ညီမဝမ်းကွဲ Marianne Nicholson ဖြစ်ပါတယ်။ သူမက အရူးအမူး စွဲလမ်း နှစ်သက်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ Nightingale က “ကျွန်မ ဘဝ မှာ ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးဘူး၊ ဒါပေမယ့် လူတစ်ယောက်ကိုတော့ အရူးအမူး စွဲလမ်းနှစ်သက်ခဲ့တယ်၊ အဲ့ဒီသူက Nicholson ဘဲဖြစ်ပါတယ် ” လို့ရေးသားခဲ့ပါတယ်။

Alan Hart

Alan Hart ကိုတော့ စွယ်စုံကျမ်း တွေ သိပ္ပံ ပြဌာန်းစာအုပ်တွေမှာ မတွေ့ရပါဘူး။ ဒါပေမယ့် သူက ဘယ်သူဆိုတာရယ် နဲ့သူ့ရဲ့ စွမ်းဆောင်အောင်မြင်မှုတွေက မေ့မထားသင့်တဲ့အရာတွေဖြစ်ပါတယ်။ သူဟာပြည်သူ့ကျန်းမာရေးအတွက် စနစ်တကျလေ့ကျင့်ခြင်းခံထားရတဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်သလို သုတေသနပညာရှင်တစ်ယောက်လဲဖြစ်ပါတယ်။ ဥရောပ နဲ့ အမေရိက မှာ တီဘီရောဂါကြောင့် အသေအပျောက်များနေခဲ့ချိန်မှာ သူ့ရဲ့စွမ်းဆောင်မှုနဲ့ တီဘီရောဂါကို ထိရောက်စွာတိုက်ဖျက်နိုင်ခဲ့ပါတယ်။ သူက အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသော မိန်းမအဖြစ်ကနေ ယောက်ျားအဖြစ် လိင်အင်္ဂါ ပြောင်းခဲ့သူဖြစ်ပြီး

သူရဲ့ကျန်ရှိနေတဲ့ဘဝကို သားဥအိမ် မရှိတဲ့ အမျိုးသားတစ်ဦးအဖြစ် ဖြတ်သန်းသွားခဲ့သူဖြစ်ပါတယ်။

ဆေးကျောင်းကနေ ဘွဲ့ရပြီးတဲ့နောက် သူ့ရဲ့ ဆရာတစ်ယောက်ဖြစ်တဲ့ Professor J.Allen Gilbert ဆီကနေ စိတ်ကျန်းမာရေးဆိုင်ရာ ဆွေးနွေးကုသမှုတစ်ချို့ယူခဲ့ပြီး နောက်ဆုံးမှာတော့ သူရဲ့လိင်အင်္ဂါခွဲစိတ်မှုကို ပြုလုပ်ခဲ့ပါတော့တယ်။ ဒီပြောင်းလဲမှုအတွက် professor က ” သူ့ရဲ့ ဉာဏ်ပညာ မြင့်မားမှုအတွက် ထိုက်တန်တဲ့ ဘဝသစ်တစ်ခု ပေးခဲ့တာပါ ” လို့ ဆိုခဲ့ပါတယ်။

Alan Hart က နှစ်ကြိမ် လက်ထပ်ခဲ့တယ်။ ဝတ္ထု တွေလည်း ရေးခဲ့တယ် ။သူမသေခင် အချိန်အထိ Connecticut ပြည်နယ်ရဲ့ တီဘီရောဂါ တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့မှာ ကျန်းမာရေး နှင့် ပြန်လည်ထူထောင်ရေး ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့တယ်။

Hart ရဲ့ဘဝမှာ အိမ်ထောင် နှစ်ကြိမ်ကျခဲ့ပြီး ဝတ္ထုပေါင်းများစွာလည်းရေးသားခဲ့ပါတယ်။ သူ မသေဆုံးမီအချိန်အထိ Connecticut ပြည်နယ်ရဲ့ တီယီရောဂါတိုက်ဖျက်ရေးနဲ့ ပြန်လည်ထူထောင်ရေး ကော်မရှင်မှာ ဒါရိုက်တာအဖြစ် ဆောင်ရွက်သွားခဲ့ပါတယ်။

Alan Turing

Alan Turing ရဲ့အကြောင်းကတော့ LGBT သိပ္ပံပညာရှင် တွေရဲ့ သမိုင်းမှာ အကောင်းဆုံးနဲ့ ဝမ်းနည်းရဆုံး ပါဘဲ။ သင် သူ့ရဲ့အကြောင်းကို မသိရင်တောင်မှ သူ့ရဲ့အလုပ်ကိုတော့ သင်သိသင့်တယ်။ ဘာကြောင့်လဲဆိုတော့ အခု သင်အဲဒီအရာကို အသုံးပြုနေလို့ပါ။

Turing machineဆိုတဲ့စက်နဲ့ နာမည် က Alan Turing ကိုအစွဲပြုပြီးမှည့်ခေါ်ထားတာပါ။ အဲ့ဒီစက်က သင်တို့အသုံးပြုနေတဲ့ ကွန်ပျူတာ အားလုံးရဲ့ အခြေခံစက်တစ်ခု ဖြစ်တယ်။

ကွန်ပျူတာတွေမှာ အခြေခံအကျဆုံးဖြစ်တဲ့ သင်္ချာဆိုင်ရာ ပေါင်းနှုတ်မြှောက်စား ရလဒ်တွေထုတ်ပေးတဲ့အရာကို Turing machine လို့ ခေါ်ပါတယ်။

သူက ဒုတိယ ကမ္ဘာစစ်တုန်းက နာဇီ အနီဂမာ ကုဒ် ကိုဖွင့်နိုင်ခဲ့သူလည်းဖြစ်တယ်။ ဒီအကြောင်းကို 2014 မှာပြသခဲ့တဲ့ The Imitation Game ( တုပခြင်းဂိမ်း) ရုပ်ရှင်ကားက ဖော်ကျူးရိုက်ကူးတင်ဆက်ထားပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမနီစစ်တပ်ဟာအချင်းချင်းဆက်သွယ်ဖို့အတွက် Nazi Enigma Machine လို့ခေါ်တဲ့ စက်ကိရိယာကို သုံးစွဲခဲ့ကြပါတယ်။ ၎င်းကိရိယာမှာ လက်နှိပ်စက်နဲ့ ခပ်ဆင်ဆင်တူပါတယ်။ သို့ပေမဲ့ ၎င်းကိရိယာမှာရိုက်ထားတဲ့ A ဆိုတဲ့စာလုံးဟာ A လို့ အဓိပ္ပာယ်မဆောင်ပါဘူး။ ကြားလူ ခိုးယူဖတ်ရှုလို့မရအောင် code (Encrypt) လုပ်လိုက်ခြင်းဖြစ်ပါတယ်။ တဖက်ဂျာမနီစစ်တပ်ကလဲ code ကို သုံးပြီး (Decrypt) ပြန်လုပ်ကာ သတင်းအချက်အလက်ကို ရယူပါတယ်။

Alan Turing ဟာ ထို code ကိုဖြည်ပြီး သတင်းအမှန်ကိုကြားဖြတ်ယူနိုင်တဲ့ လူတစ်ဦးဖြစ်ပါတယ်။

Alam လိုမျိုး သိပ္ပံပညာရှင်အသိုင်းအဝိုင်းမှာ သိပ္ပံပညာရှင်တွေက အခြားလူတွေနဲ့ မတူတဲ့ သူတို့ရဲ့ နေထိုင်မှုဘဝ ကို ကောင်းကောင်းလက်ခံခဲ့ကြ‌ ပေမဲ့ 19 ရာစုအလယ်ပိုင်း လောက်က အင်္ဂလန်မှာ လိင်တူချင်း ချစ်ကြိုက်ခြင်း (homosexuality ) ကပြစ်မှုတစ်ခုလို ဖြစ်နေခဲ့ပါတယ်။ Homosexuality ကိုလည်း ရောဂါတခုလို သတ်မှတ်ခဲ့ကြတာပါ။

သို့သော်လည်း အဲ့ဒီကြားထဲက Turing ဟာ Cambridge က King’s College မှာတက်နေတဲ့ ယောကျ်ားလေးသူငယ်ချင်းတစ်ယောက်နဲ့ တွဲခဲ့ပါတယ်။

ဒါကြောင့်သူ့ကို 1952 မှာ ဣန္ဒြေသိက္ခာမဲ့တဲ့ လုပ်ရပ်အတွက် သက်သေနဲ့တကွ ဖမ်းဆီးခဲ့တယ်။ ပြီးတော့ မှားယွင်းစွာပဲ ရောဂါကို ကုသတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြုံ သွားစေတဲ့ ဟော်မုန်းတစ်မျိုးကို ထိုးသွင်းပြီး အပြစ်ပေးခဲ့ကြပါတယ်။ 2 နှစ်ကြာပြီးတဲ့နောက်မှာ သူ့ကိုယ်သူ သတ်သေဖို့အတွက် cyanide ပြည့်နေတဲ့ ပန်းသီးကို စားပြီး ဘဝကို အဆုံးသတ်သွားခဲ့တယ်။

Computer စွန့်ဦးတီထွင်သူ ၊ စစ်ရဲ့ သူရဲကောင်းကြီး Alam Turing ကွယ်လွန်ပြီး 2013 ခုနှစ်အရောက်မှ ဗြိတိန် အစိုးရက ဒီကိစ္စတွေ အတွက် Alam မှာအပြစ်မရှိကြောင်း အသိအမှတ်ပြုပေးခဲ့ပါတယ်။

Sally Ride

1983 June 18 မှာ Sally Ride ဟာ အမေရိကန် ရဲ့ ပထမဆုံး အမျိုးသမီး အာကာသ ယာဉ်မှူး ဖြစ်လာခဲ့တယ်။ ‌သူမက San Diego မြို့ California တက္ကသိုလ် မှာ ကယ်လီဖိုးနီးယား အာကာသ လူမှုရေး အဖွဲ့ရဲ့ ဒါရိုက်တာ တစ်ယောက် ဖြစ်လာခဲ့တယ်။ Sally Ride Science ကုမ္ပဏီ ကိုလည်း ဖွင့်လှစ်တည်ထောင်ခဲ့တယ်။ ဒီကုမ္ပဏီက သူမကိုယ်ပိုင် ဖြစ်ပြီးတော့ အမြတ်အစွန်း မယူဘဲ ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။ 2001 ခုနှစ်မှာ သူမရဲ့ ကုမ္ပဏီ က ထူးချွန်ထက်မြက်တဲ့ ကလေးတွေကို သူတို့စိတ်ဝင်စားတဲ့ သိပ္ပံပညာ နဲ့ သင်္ချာ ဘာသာရပ်တွေနောက် တစိုက်မတ်မတ် လေ့လာစေခဲ့တယ်။ ဒီကုမ္ပဏီက သူမ သူငယ်ချင်းနှစ်ယောက်နဲ့ သူမ ချစ်သူ Tam O’ Shaughnessy ရဲ့ အကူအညီလည်းပါခဲ့ပါတယ်။

လူတော်တော်များများကတော့ Sally. နဲ့ Tam ရဲ့ အံ့ဩစရာ ၂၇ နှစ်တာ အချစ်ဇာတ်လမ်းကို မသိခဲ့ပါဘူး။ ” Sally က သူမနဲ့ Tam ရဲ့ကြားက relationship ကို ဘယ်တော့မှ မသိုဝှက် ခဲ့ပါဘူး” လို့ Sally Ride ရဲ့အမဖြစ်သူ Bear က၂၀၁၂ခု၊ Ride ပန်ကရိယကင်ဆာနဲ့ သေဆုံးပြီးနောက်မှာရေးသားခဲ့ပါတယ်။

“သူတို့က ချစ်သူတွေ ၊ Sally Ride Science ရဲ့ စီးပွားဖက်တွေ၊ သူတို့ တူတူ စာအုပ်တွေ အများကြီးရေးခဲ့တယ်၊ ပြီးတော့ Tam က သူမရဲ့ အချစ်ဆုံးသူငယ်ချင်းဆိုလည်း မမှားပါဘူး။ ကျွန်မကတော့ Tam ကိုမိသားစုဝင် တစ်ယောက်အဖြစ်သတ်မှတ် ပါတယ် ၊” လို့ ပြောခဲ့ပါတယ်။ အခု Tam ကSally Ride Science ရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ အဖြစ် နဲ့ သူတို့တည်ထောင်ခဲ့တဲ့ အမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်း လျက်ရှိပါတယ်။

Sharing is caring