Month: July 2019

အမေ့လျော့ခံ LGBT သိပ္ပံပညာရှင်များ

လောကကြီးကို ကိုယ်မြင်တွေ့ခံစားရတာတွေနဲ့ သိမြင်ပုံဖော်ရတာမဟုတ်လား။ သိပ္ပံပညာရှင်တွေ အတွက်လည်းဒီလိုပါပဲ။ ရှာဖွေလေ့လာမှုတွေမှာ လက်တွေ့ပြုလုပ်သူရဲ့ ဘက်လိုက်မှုနဲ့ အစွဲကြောင့်မှားတဲ့ အမှားမျိုးနည်းနိုင်သမျှနည်းအောင် စနစ်တကျပြုစုထားတဲ့ သိပ္ပံနည်းလမ်းတွေက ကူညီလမ်းပြပေးနေချိန်မှာပဲ လူတွေအနေနဲ့ကလည်း ဘာကိုလေ့လာမယ် ဘယ်လိုပုံစံ ကောက်ချက်ချ အဓိပ္ပါယ်ဖော်ကြမလဲဆိုတာကို တချိန်လုံး တွေးတောနေကြတာဖြစ်ပါတယ်။ ဒါကြောင့် မတူကွဲပြားခြင်းဆိုတာ အရမ်းအရေးကြီးရခြင်းဖြစ်ပါတယ်။ မတူညီတဲ့ အတွေးအခေါ်တွေ၊ဆုံးဖြတ်ချက်တွေနဲ့...

သင်မသိသေးတဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက် ၅ ခု

ဥပမာအားဖြင့် ဝင်ရိုးစွန်းကရေခဲပြင်တွေအရည်ပျော်ပြီး လျော့နည်းပျောက်ကွယ်လာတာ၊ တိရစ္ဆာန်မျိုးစိတ်တွေ မျိုးသုဉ်းပျောက်ကွယ်လာတာ၊ ရာသီဥတုတွေပြောင်းလဲဖောက်ပြန်လာတာမျိုးတွေပေါ့။  တကယ်တမ်းမှာ ကမ္ဘာ့လေထုက ကမ္ဘာပေါ်မှာဖြစ်ပျက်သမျှအရာအားလုံးအပေါ်လွှမ်းမိုးသက်ရောက်နိုင်တာမို့ သင်မသိသေးတဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ ရှုပ်ထွေးတဲ့အကျိုးဆက်တွေ ရှိကောင်းရှိနေနိုင်ပါတယ်။  အဲ့ဒီထဲက တချို့အကျိုးဆက်တွေက မဖြစ်နိုင်ဘူးလို့တောင်ထင်စရာရှိပါတယ်။ ဒါပေမယ့် အဲ့ဒါတွေက ထိတ်လန့်အံ့ဩဖွယ်ရာ အမှန်တရားတွေပါ။ နံပါတ်စဉ်လေးတွေတပ်ပြီးရေးသားထားတာမို့ ဆက်လက်ဖတ်ရှုကြည့်ပါဦး   ၁။ပိုခက်ခဲလာမယ့် လေကြောင်းခရီးစဉ်များ...