သင့်ရဲ့ Tattoo မင် ထဲမှာ ဘာ ဓာတုပစ္စည်းတွေပါလဲ သင်သိလား

လူသားတွေဟာ သူတို့ကိုယ်တိုင် Tattoo ထိုးခြင်းကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ ကတည်းက စတင်ခဲ့ကြပါတယ်။ကမ္ဘာဦးအစ ဂူအောင်းလူသား များနှင့် အီဂျစ်တော်ဝင်မျိုးနွယ်တွေဟာ ဓားနဲ့ထွင်းတဲ့ Tattoo တွေကို အိုးမဲ ၊မီးသွေး နဲ့ အခြားသဘာဝ ရောင်ခြယ်ဆိုးဆေးတွေကနေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ရှေးခေတ်လူသားတွေက သူတို့ရဲ့ ရောင်ခြယ်ဆေးရည်တွေကို ဘယ်ကနေ ဘယ်လိုရလာတယ်ဆိုတာ သိကြတယ်။သို့သော်လည်း ယနေ့ခေတ် Tattoo ပညာရှင်တွေက သူတို့သုံးတဲ့ ဆေးရည်ကို ဘယ်ကနေ ရပြီး ဘယ်လို လုပ်ထားလဲဆိုတာကို လူနည်းစု လောက်ဘဲ သိကြတယ် ။ သင့်ရဲ့ Tattoo ထဲမှာ ဘာတွေရှိလဲ သင်သိလား? Tattoo ပညာရှင်တွေက တရားဝင် အလုပ်လုပ်ဖို့အတွက် အထောက်အထားခိုင်မာစွာနဲ့ လက်မှတ်ရေးထိုးရသော်လည်း Tattoo မင်ရည်တွေနဲ့ ရောင်ခြယ်ဆေးရည်တွေကို မည်သည့် အစိုးရ အာဏာပိုင် အဖွဲ့ကမှ စနစ်တကျ ထိန်းသိမ်းခြင်း မရှိကြပေ။ ဒါက သူတို့ရဲ့ ထုတ်ကုန်ပစ္စည်း ပုံသေနည်းကို ကာကွယ်ပြီး မင်အမြောက်အမြားထုတ်လုပ်ခြင်းရဲ့ ရလဒ်တစ်ခုဖြစ်နိုင်ပါတယ်။ Tattooပညာရှင်တွေနဲ့ စိတ်ဝင်စားသူတွေဟာ သူတို့ Tattoo ထဲမှာ ပါတဲ့ ဓာတုပစ္စည်းတွေကို အတိအကျ သိလေ့မရှိကြပါဘူး။. Tattoo ပညာရှင် တစ်ယောက်က သူကိုယ်တိုင် ဖော်စပ်ထားတဲ့ ဆေးမင်ရည် ကို မသုံးဘဲ အခြားကနေ ဝယ်သုံးနေတဲ့ သူဆိုရင် ဆေးရည်ထဲမှာ ဘာတွေပါနေတယ် ဆိုတာကို သေချာ မသိနိုင်ပေ။ ဆေးရည် ထုတ်တဲ့ ကုမ္ပဏီ တွေက သူတို့ထုတ်လုပ်တဲ့ formula ကို လူသိမခံလိုတဲ့ အချက်ကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။ အချို့ရောင်ခြယ်ဆိုးဆေးတွေကို သဘာဝ ပါဝင်ပစ္စည်း တွေက ရပြီးတော့ အခြားဆိုးဆေးတွေကို အထည်အလိပ် ၊ ပလတ်စတစ် ၊ သို့မဟုတ် မော်တော်ကား စက်ရုံ တွေက ရရှိပါတယ်။
2016 Joint Research Centre က ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်ခုက ဥရောပ ပြည်ထောင်စု ကို သိပ္ပံနဲ့ဆိုင်တဲ့ အကြံဉာဏ် တစ်ခု ကို ထောက်ပံ့ပေးခဲ့ပါတယ်။ အဲဒါက ဓာတုဗေဒ နည်းအရ အမျိုးမျိုးသော Tattoo ရောင်ခြယ်ဆိုးဆေး တွေကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီး အများဆုံးပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကို စာရင်းပြုစုခဲ့ ခြင်းဖြစ်ပါတယ်။ အန္တရာယ် အရှိဆုံးက polycyclic aromatic hydrocarbons ( PAHs) ဖြစ်ပါတယ် ။. ကာစီနိုဂျင် ပါဝင်နေတဲ့ အနက်ရောင်မင်ရည်ထဲမှာ အရေပြားကနေ သွေးကြောထုံးတွေဆီ ကူးပြောင်းတဲ့ ဓာတုအုပ်စု တစ်ခု တွေ့ရှိခဲ့ပါတယ်။ အဲဒါတွေက azo ရောင်ခြယ််ဆိုးဆေးတွေဘဲ ဖြစ်ပါတယ်။azo ရောင်ခြယ်ဆိုးဆေးကို Tattoo မင်ရည်ထဲမှာ ရှိတဲ့ ပါဝင်တဲ့ အရည်တွေရဲ့ 60 % နဲ့ ပြုလုပ် ထားပါတယ်။ Tattoo ထိုးတဲ့အခါ ပထမဆုံး စိတ်ချရပါတယ်ဆိုတဲ့ azo ရောင်ခြယ်ဆေးရည် ကိုထိုးရတယ် ၊ သူတို့က သက်တမ်းလွန်သွားပီဆိုရင် အရည်အသွေးနိမ့်သွားမှာ ဖြစ်တဲ့အတွက် ကင်ဆာဆဲလ် အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဆွစ်ဇာလန် စစ်တမ်းတစ်ခု အရ Tattoo မင်ရည် 229 မျိုးကနေ တာရှည်ခံ ဆေးရည်တွေ တွေ့ရှိခဲ့ကြပါတယ် ။. ဓာတ်ခွဲပြီးတဲ့ မင်ရည် ၄ ပုံ ၁ ပုံမှာ အရေပြားကို နေမထိထိုင်မသာ ဖြစ်စေတဲ့ benzo-isothiazolinone, ၊ formaldehyde 7% နဲ့ ကာစီနိုဂျင် ပါဝင်နေပါတယ် ။ Tattoo မင်ရည်ထဲမှာ nickel , chromium နဲ့ cobalt တို့လို အန္တရာယ် ဖြစ်စေနိုင်တဲ့ သတ္တု တွေပါဝင်နေနိုင်ပါတယ်။
Tattoo အားလုံး ဘေးမကင်းဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ခေတ်မှီတဲ့ အရည်အသွေးမြင့် ရောင်ခြယ်ဆိုးဆေးရည်တွေကို အမျိုးမျိုးသော သတ္တု ဆားတွေကနေ ပြုလုပ်ထားပါတယ် ။ မတူညီတဲ့ သတ္တု တွေကနေ မတူညီတဲ့ အန္တရာယ် တွေကျရောက်နိုင်ပါတယ်။ ဆိုလိုတာက အချို့သောအရောင်တွေက အခြား အရောင် တွေထက် ပိုပြီး အန္တရာယ် ရှိစေပါတယ်။ အနီရောင်မင်ရည် က ချက်ချင်း တုံ့ပြန်နိုင်တဲ့ သက်ရောက်မှုမျိုးရှိပြီးတော့ အနက်ရောင်မင်ရည်ထက် ကျန်းမာရေး ပြဿနာ ပိုများပါတယ် ။ သူ့ကို ဘေးကင်းလုံခြုံတဲ့ ရင်းမြစ်ကနေ အမြောက်အမြား ထုတ်လုပ်နိုင်ပါတယ်။ အပြာရောင်နဲ့ အစိမ်းရောင် ကို အရည်အသွေး မြင့်တဲ့ copper salts တွေကနေ ဘေးကင်းဖို့ ရည်ရွယ် ပြီး ပြုလုပ်ခဲ့ပါတယ်။ အဖြူရောင်ဆေးရည်တွေကို titanium oxide ကနေ ထုတ်လုပ်ပြီး စက်ရုံထဲမှ ဓာတ်ပြုမှု အနိမ့်ဆုံး ရောင်ခြယ်ဆေးရည်လည်း ဖြစ်ပါတယ်။ အဝါရောင်ဆေးရည်ကိုတော့ နနွင်း သို့မဟုတ် curcumin ကဲ့သို့သော သဘာဝရင်းမြစ်ကနေ ရရှိခဲ့ပါတယ်။ သူတို့က တောက်ပတဲ့ အရောင်တစ်ခု ဖန်တီးနိုင်ဖို့ လိုအပ်တဲ့ ဆေးရည် ပမာဏ ကြောင့် ဓာတ်ပြုမှုတွေကို ဖြစ်စေပါတယ်။ သင် Tattoo တစ်ခုကို ထိန်းသိမ်းချင်တယ် ဆိုရင်တော့ ကျွမ်းကျင်တဲ့ Tattoo ပညာရှင်ထံမှာ ထိုးပါ၊ Tattoo ကိုကာကွယ်ဖို့ မကြောက်ပါနဲ့၊ ဈေးကြီးပေးရဖို့လည်း လိုပါတယ်။ ဈေးပေါတဲ့ မင်ရည်က ဈေးပေါရတဲ့ အကြောင်းပြချက်တစ်ခုတော့ ရှိပါတယ်။ မကျွမ်းကျင်တဲ့ Tattoo ပညာရှင်က သူတို့ရဲ့ မင်ရောင်ရွေးချယ်မှုအတွက် ခိုင်မာတဲ့ အထောက်အထား ပေးနိုင်မှာ မဟုတ်ပါဘူး။ သင်, သင့်ရဲ့ Tattoo ဆရာကို မင်ရည်တွေက ဘယ်က ရတာလဲ ၊ဘာနဲ့ ပြုလုပ်ထားတာလဲ ၊ ပြီးတော့ ပါဝင်တဲ့ အရောင်တွေ အကြောင်း တိတိကျကျ မေးသင့်ပါတယ်။
Tattoo ဆိုတာ သင့် တစ်သက်လုံး စွဲမြဲသွားစေတဲ့ အရာ ဖြစ်တာကြောင့် သေချာလေ့လာပြီးမှ ထိုးသင့်ပါတယ်၊ ‘‘ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး ၊ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန် ခက်သည့် အမျိုး ’’ဆိုတဲ့ စကားပုံ အတိုင်း ထာဝရ တည်ရှိနေမယ့် Tattoo တစ်ခုအတွက် သေချာပိုင်နိုင်စွာ လေ့လာသုံးသပ်ပြီးမှ ထိုးသင့်ပါတယ်။
ယခုဆောင်းပါးတိုကို ဤ Link မှ အဓိကမှီငြမ်းတင်ပြခြင်းဖြစ်ပါသည်။
Sharing is caring