ရေပူက ရေအေးထက် ပိုခဲမြန်တာ ဘာကြောင့်လဲ

အချို့သော အခြေအနေတွေအောက်မှာ ရေပူက ရေအေးထက်ပိုပြီးခဲမြန်ပါတယ်။ ဒါက သင်ယူဆထားတာနဲ့ဆန့်ကျင်ဘက် ဖြစ်နေလိမ့်မယ် ။ ဒါပေမယ့် Aristotle, Descartes နဲ့ Francis Bacon တို့လို ပညာရှင်ကြီးတွေက ဒီအဖြစ်အပျက်ကို မှန်ကန်တယ်လို့ ဖော်ပြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် 1969 မတိုင်ခင်အထိ သိပ္ပံဂျာနယ် ထဲမှာ ဒီအကြောင်းအရာကို တရားဝင်ဖော်ပြခြင်း မရှိခဲ့ပါဘူး။ အသက် 13 နှစ်အရွယ် Tanzanian ကျောင်းသား Erasto B Mpemba နဲ့ ခရီးသွား ရူပ‌ဗေဒ ပါမောက္ခ Dr.Denis Osborne တို့ အလုပ်အတူ တွဲလုပ်ခဲ့တာကို ကျေးဇူးတင်ရမှာဘဲ။

Mpemba effect ၏သမိုင်း

Mpemba effectက ရေခဲမုန့်နဲ့ စတင်ခဲ့ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ Mpemba က ရေခဲသေတ္တာထဲကို အခြားကျောင်းသားတွေက ရေခဲမုန့်တွေ နေရာ အပြည့် မထည့်ခင်မှာ သူ့ရဲ့ ရေခဲမုန့်အတွက် မအေးသေးတဲ့ နို့ပူကို ထားဖို့ ဆုံးဖြတ်လိုက်တယ်။ အံ့ဩစရာကောင်းတာက တခြားအရာတွေ မခဲခင်မှာ နို့ပူက အရင် ခဲသွားတာကို သူ တွေ့ခဲ့တယ်။ Mpemba က ဒါဘာကြောင့် ဖြစ်တာလဲလို့ သူ့ဆရာတွေကိုမေးတယ် ။ ရူပဗေဒ ပါမောက္ခ Dr. Denis Osborne ကလွဲပြီး အများစုက သူမှားတယ်လို့ ပြောခဲ့တယ် ။ ဆရာက Mpemba ရဲ့ပြောဆိုချက်ကို စမ်းသပ်ဖို့ ဓာတ်ခွဲမှူးကို ပြောခဲ့တယ်။ လက်တွေ့စမ်းသပ်မှုတွေမှာတော့ အချို့ အခြေအနေ အောက်မှာ ရေပူက ရေအေးထက် ပိုခဲမြန်တယ်လို့ ဖော်ပြပါတယ် ။ သိပ္ပံပညာရှင်တွေကတော့ အပြည့်အဝ သဘောတူခြင်း မရှိပါဘူး။. 1969 မှာ Dr.Denis Osborne နဲ့ Mpembaက ဒီအဖြစ်အပျက်အကြောင်း စာစောင်တစ်ခုကို တရားဝင် ဖော်ပြခဲ့တယ်။ ဒီသက်ရောက်မှုက ဘယ်အချိန်မှာ ဖြစ်ပေါ်မလဲ မသိတော့ လေ့လာဖို့ ခက်ခဲခဲ့တယ်။ ဒါပေမယ့် ဒါကိုစမ်းသပ်ဖို့အတွက် စက်ပစ္စည်းတွေကတော့ မရှားပါဘူး။

ဘာက Mpemba သက်ရောက်မှုကိုဖြစ်စေတာလဲ?

ထင်ရှားတဲ့ အဆိုပြုကျမ်းတွေက ရေပူက အငွေ့ပျံတာ ပိုပြီး မြန်တယ်လို့ ပြောခဲ့ပါတယ်။ ရေပူက ဒြပ်ထုများများဆုံးရှုံးပေမယ့် ရေခဲဖို့ အတွက် အပူနည်းနည်းသာထုတ်ရပါလိမ့်မယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေက Mpemba သက်ရောက်မှု ကို အငွေ့မပျံတဲ့ အလုံပိတ် ခွက်ထဲမှာ လေ့လာပြီးပါပြီ။ လိုတာထက်ပိုပြီး အအေးခံမယ် ဆိုရင် ရေထဲမှာပျော်ဝင်နေတဲ့ ဓာတ်ငွေ့ တွေက ရေခဲခြင်း ဖြစ်စဉ်ကို ပိုမြန်စေပြီးတော့ ဖြစ်နိုင်ချေလည်း ပိုရှိပါတယ်။
2013 မှာ စင်ကာပူ သုတေသန အဖွဲ့က အဖြေကိုတွေ့ရှိပြီးဖြစ်တယ်လို့ media တွေက အခိုင်အမာ ဖော်ပြခဲ့တယ်။ ရေပူထဲမှာရှိတဲ့ မော်လီကျူးတွေ ကြားက ဓာတ်စည်းတွေက ရေအေးထက်အပူစွမ်းအင်ကို ပေးဖို့ ပိုပြီးဖြစ်နိုင်ပါတယ် ။ ဖြစ်ချင်တော့ ပြည်သူလူထုတွေက ဒီရှင်းပြချက်ကိုယုံပေမယ့် အခြားသိပ္ပံပညာရှင်တွေက အပြည့်အဝလက်မခံကြပါဘူး။ အဲဒီလောက်အထိ နှိုက်နှိုက်ချွတ်ချွတ် အဆိုပြုထားတဲ့ အယူအဆ များစွားနဲ့ ပြဿနာ က ဘာလဲဆိုတော့ ဒီသက်ရောက်မှုက ဘာလို့ တစ်ခါတစ်ရံ မှာဘဲ ဖြစ်တာလဲဆိုတာ သူတို့မရှင်းပြနိုင်တာဘဲ ဖြစ်တယ်။ အဲဒီနှစ် January မှာဖော်ပြတဲ့ နောက်ဆုံး အဆိုပြုကျမ်းက ရေပေါ်မှာရှိတဲ့ entropy ရဲ့ သက်ရောက်မှုလို့ ယူဆပြန်တယ်။ ပြီးတော့ ရေမော်လီကျူးတွေကြားမှာရှိတဲ့ ဓာတ်စည်းတွေက အပူချိန်ကိုလိုက်ပြီး တည်ဆောက်ပုံ ပြောင်းလဲနေတယ်ဆိုတဲ့ သဘောထား ပေါ်မှာလဲ မူတည်နေတယ်။ Entropy ဆိုတာက စနစ်တစ်ခုရဲ့ စနစ်မကျခြင်းပမာဏ ကိုဖော်ပြတယ်။ ပြီးတော့ အဆက်မပြတ် ရွေ့လျားနေတဲ့ မော်လီကျူးတွေ ရှိနေတဲ့ ရေပူထဲက entropy ဟာ ရေအေးထဲမှာထက် ပိုများပါတယ်။ တကယ်တော့ ရေအေးမှာ စေးကပ်တဲ့ မော်လီကျူးတွေရှိတယ်။ ဆိုလိုတာက မော်လီကျူးတွေက အစုလိုက် ရှိနေကြပြီးတော့ hydrogen အက်တမ် တစ်ခုစီနဲ့အတူ အားပျော့တဲ့ ဓာတ်စည်းတွေ ပြုလုပ်လိုက်တယ်။ ဒါပေမယ့် ရေကို အပူပေးလိုက်မယ်ဆိုရင် ဓာတ်စည်းတွေက ကျိုးပြတ်ပြီး မော်လီကျူးအစုတွေကလည်း စနစ်မကျတဲ့ မော်လီကျူး အစုတွေ အဖြစ်ပြောင်းလဲသွားတယ်။. ရေခဲသေတ္တာထဲမှာဆိုရင် ဆူပွက်နေတဲ့ ရေပူထဲက မော်လီကျူးတွေက ရေအေးထဲက မော်လီကျူးတွေထက် ရေခဲပုံဆောင်ခဲ ဖြစ်ဖို့ ဖြစ်နိုင်ချေ ပိုရှိပါတယ်။ ရေအေးထဲကလို စီစဉ်ထားမှုတွေက ကျပ်သိပ်နေမယ်ဆိုရင် အပူချိန်ကို ပြောင်းလဲဖို့ ပိုကြာပါလိမ့်မယ်။

Mpemba effect အကြောင်းကိုဆက်စပ်ရှင်းပြထားတဲ့ Video
အရေးကြီးတာတော့ ရေထဲမှာဆားတွေနဲ့ သတ္တုတွေ အမြောက်အမြား ပျော်ဝင်နေမယ်ဆိုရင် ဒီသက်ရောက်မှုကို လုံလုံလောက်လောက် မမြင်ရနိုင်ပါဘူး။ အဲဒီရေမျိုးက အပူချိန်နည်းတဲ့ အခါတွေမှာဆို မော်လီကျူးအစု တွေ အများကြီး မဖြစ်ပေါ်နိုင်ပါဘူး။ ဒီရှင်းပြချက်က လက်တွေ့အခြေအနေတွေမှာ ၎င်းကိုယ်တိုင် ဖြစ်ပျက်မှုနဲ့ ထပ်ခါထပ်ခါ ဖြစ်ပေါ်လာတဲ့ အခက်အခဲ နှစ်ခုစလုံးကို ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ကိုလည်း မှန်ကန်တယ်လို့ အပြည့်အဝ မဆိုလိုနိုင်ပေ။
ယခုဆောင်းပါးကို ဤ Link မှအဓိက မှီငြမ်းတင်ဆက်ထားပါသည်။
Sharing is caring