ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက်ရေရဲ့ ကဏ္ဍအသစ်

University of Oklahoma နှင့် University of Tusla မှ Engineers တွေပူးပေါင်းပြီး ရေဓာတ်ပါဝင်ကူညီအားဖြည့်ထားပြီး furfural ပါဝင်တဲ့ ဓာတ်တိုးဖြစ်စဉ်ကို နှစ်ဆ ကနေ သုံးဆအထိအရှိန်မြင့်တင်ပေးနိုင်သော နည်းလမ်းတခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ “စွမ်းအင်နဲ့ရေဟာ လောင်စာအသစ်ထုတ်လုပ်ခြင်းမှာ တခုနဲ့တခုအပြန်အလှန် ဆက်စပ်နေတဲ့အရာနှစ်ခုပါ။ ရေသန့်စင်ခြင်းနဲ့ရေဖြန့်ဖြူးခြင်းအတွက် စွမ်းအင်လိုအပ်ပြီး၊ တဖက်မှာလည်း စွမ်းအင်ထုတ်လုပ်ခြင်းမှာ ရေက အသုံးဝင်အရေးပါ ပါတယ်” လို့ Gallogy College of Engineering မှ School of Chemical, Biological and Materials Engineering ရှိ Professor ‌Daniel Resasco မှပြောပါတယ်။

အပေါ်ပုံနဲ့အောက်ပုံကိုယှဉ်ကြည့်လိုက်မယ်ဆိုရင် အောက်ကပုံရဲ့ဓာတ်ပြုမှုဖြစ်စဉ်မှာ ရေပါနေတဲ့အတွက် ဓာတ်ပြုဖို့လမ်းကြောင်းပိုတိုးလာတာကိုတွေ့မြင်နိုင်ပါတယ်.
 ရေဟာ Organic Solvent တွေကိုအစားထိုးနိုင်မယ့် သဘာဝပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေအဖြစ်ဆုံး Solvent တခုဖြစ်ပါတယ်။ အဲ့ဒီထက်ပိုပြီး ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုဖြစ်စဉ်ကိုပါ အရှိန်တင်ပေးနိုင်တာက ကောင်းကွက်တခုဖြစ်နေပြန်ပါတယ်။
လက်ရှိ နည်းပညာတွေအရ ဓာတုနည်းနဲ့စွမ်းအင်ထုတ်လုပ်တဲ့နေရာမှာ ရေဟာ မလိုလားအပ်တဲ့အဟန့်အတားတခုလိုဖြစ်နေပါတယ်။ ပုံမှန်အားဖြင့် Reactor ထဲမှာ ရေရှိနေပြီဆိုရင် ၎င်းရေတွေဟာ ဓာတုဖြစ်စဉ်တွေဖြစ်တဲ့နေရာတွေဆီ စုပ်ယူစီးဆင်းသွားပြီး စွမ်းအင်ပြောင်းလဲမှုဖြစ်စဉ်ကို အဟန့်အတားဖြစ်စေပါတယ်။ Chemical Engineering ဘွဲ့လွန်ကျောင်းသားတွေနဲ့ ဘွဲ့ကြိုကျောင်းသားအဖွဲ့တခုဟာ အရင်ကတွေ့ရှိထားတဲ့ ရေရဲ့ ဒြပ်တိုးဖြစ်စဉ်တွေအပေါ်မှာမလိုလားအပ်တဲ့ သက်ရောက်မှုနဲ့ပြောင်းပြန်ဖြစ်နေတဲ့ furfural နဲ့ဆက်စပ်နေတဲ့ ရေရဲ့ဂုဏ်သတ္တိကိုတွေ့ရှိခဲ့ကြပါတယ်။ ဒီတွေ့ရှိမှုအသစ်မှာတော့ ရေဟာဓာတုဖြစ်စဉ်ကို အဟန်အတားမဖြစ်စေဘဲ ပိုလို့တောင်မြန်ဆန်သွားစေတာကိုတွေ့ရပါတယ်” လို့ Gallogy College of Engineering မှ School of Chemical, Biological and Materials Engineering ရှိ Professor ‌Wang Bin မှပြောပါတယ်။ Furfural ဆိုတာကတော့ ဇီဝရုပ်ကြွင်းတွေကနေရရှိတဲ့ ဒြပ်ပေါင်းတခုဖြစ်ပြီး လောင်စာတွေနဲ့ ဓာတုပစ္စည်းတွေပြန်လည်ထုတ်လုပ်ရာမှာ အသုံးတည့်တဲ့ အဖိုးတန်ပစ္စည်းတမျိုးဖြစ်ပါတယ်။

Reaction scheme for the hydrogenation of furfural over a metal surface in water. Water directly participates in the key elementary steps. Both surface- and solvent-mediated hydrogenation paths are involved but play different roles for hydrogenation of C and O atoms in the aldehyde group.
ဒီဖြစ်စဉ်မှာ အရေးကြီးတဲ့နိဿယကတော့ မော်လီကျူးတွေကို ဟိုက်ဒြိုဂျင်ဓာတ်ပေါင်းထည့်ပေးပြီး နောက်ထပ် ဓာတုဖြစ်စဉ်တွေမှာအသုံးပြုဖို့အတွက် အဆင်သင့်ဖြစ်နေစေတာပါပဲ။ သူတို့အဖွဲ့ရဲ့ရှာဖွေတွေ့ရှိမှုကတော့ မော်လီကျူးတွေမှာ အောက်ဆီဂျင်ဓာတ်ပေါင်းထည့်ခြင်းခံထားရတဲ့အခါ ဟိုက်ဒြိုဂျင်ဓာတ်ပေါင်းစည်းခြင်းဖြစ်စဉ်က ဓာတ်တိုးပစ္စည်းရဲ့မျက်နှာပြင်မှာဖြစ်ပွားမယ့်အစား အရည်အသွင်နဲ့ ဖြစ်ပွားတာပါပဲ။ ရေမပါဝင်တဲ့ဖြစ်စဉ်မှာဆိုရင် ဒီဓာတုဓာတ်ပြုမှုအားလုံးဟာ ဓာတ်တိုးပစ္စည်းရဲ့ မျက်နှာပြင်ပေါ်မှာပဲဖြစ်ပွားပါတယ်။ ဒီဖြစ်စဉ်တခုလုံးဆီ ရေကို ဖျော်ရည်အနေနဲ့ပေါင်းထည့်ပေးလိုက်တဲ့အခါမှာတော့ ဟိုက်ဒြိုဂျင်တွေဟာ ရေမော်လီကျူးတွေကတဆင့် ကူးလူးဓာတ်ပြုနိုင်ကြတဲ့အတွက် ဓာတ်ပြုမှုဖြစ်စဉ်ကို ပိုမိုလို့မြန်ဆန်သွားစေပါတယ်။ ဒီလို ရေကိုပေါင်းထည့်ထားပေးတဲ့ဖြစ်စဉ်မှာဆိုရင် စွမ်းအင်လိုအပ်ချက်လည်းပိုနည်းပြီး ပိုပြီးတော့လည်းမြန်မြန်ဖြစ်ပွားနိုင်စေပါတယ်။ ဒီလိုထူးခြားဆန်းသစ်တဲ့တွေ့ရှိမှုအသစ်ကို Nature Catalysis ဂျာနယ်မှာ ရိုက်နှိပ်ထုတ်ဝေ Publish လုပ်ခဲ့ကြပြီးဖြစ်ပါတယ်။ ၎င်းကိုတော့ အောက်မှာပေးထားတဲ့ DOI Link ကနေတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
More information: Solvent-mediated charge separation drives alternative hydrogenation path of furanics in liquid water, Nature Catalysis (2019).
ယခုဆောင်းပါးတိုလေးကို ဤ Link မှအဓိကမှီငြမ်း၍ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။
Sharing is caring