နားလည်ရခက်တဲ့ Fast Radio Burst တွေအကြောင်း

ခေတ်သစ် ရူပနက္ခတ္တဗေဒရဲ့ ပဟေဠိဆန်တဲ့မူခင်းတွေထဲမှတစ်ခုကတော့ ၂၀၀၇ခုနှစ်မှာစတင်တွေ့ရှိခဲ့သော လျင်မြန်တဲ့radioပေါက်ထွက်မှု (First Radio Burst or FRB) ပဲဖြစ်ပါတယ်။ဒီရှားပါးဖြစ်စဉ်ကတော့ Radio လှိုင်းအလျားရှိတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေ ရုတ်ချည်းလျှင်မြန်တောက်ပစွာ ပေါက်ထွက်မှုဖြစ်ပါတယ်။ ဒီပေါက်ထွက်မှုတွေက ကျွန်ုပ်တို့ရဲ့ နဂါးငွေ့တန်း ဂလက်ဆီကြယ်စုကြီးရဲ့ အပြင်ဘက်က အလွန်အားကောင်းတဲ့ သံလိုက်စက်ကွင်းရှိတဲ့ဒေသတွေမှာ ဖြစ်ပွားကြတာဖြစ်ပြီး ပေါက်ကွဲမှုကြာချိန်က တစ်စက္ကန့်ရဲ့ တထောင်ပုံလျှင် ၁ ပုံလောက်ပဲကြာပါတယ်။ အဲ့ဒီပေါက်ကွဲမှုကထွက်ပေါ်လာတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေက ကမ္ဘာမြေပေါ်မရောက်ခင်မှာ အာကာသထဲက ဓာတ်ငွေ့နဲ့ ဖုန်မှုန့်တိမ်တိုက် တွေကိုဖြတ်သန်းလာရတာဖြစ်ပါတယ်။
ဒီလိုရှင်းပြလိုက်တော့ သင့်အနေနဲ့ ဒီ FRB တွေအကြောင်းကို အဖြေရှာပြီးသွားပြီလို့ထင်ကောင်းထင်ပါလိမ့်မယ်။ တကယ်တော့ FRB တွေနဲ့ပတ်သက်လို့ ကျွန်ုပ်တို့ အထက်မှာဖော်ပြထားတာထက်ပိုပြီး ဘာမှမသိသေးပါဘူး။
ဖြစ်စဉ်အနေဖြင့် ကျွန်ပ်တို့ရဲ့ဂလက်ဆီထဲမှာ သူတို့မရှိဘူးဆိုတာ သိသော်ငြားလည်း သူတို့ဘယ်ကလာလဲဆိုတာကိုတော့မသိပါဘူး၊
သူတို့ဟာဘာဖြစ်စဉ်တွေဖြစ်လဲဆိုတာကိုလဲ မသိပါဘူး၊ ပြီးတော့ကျွန်ုပ်တို့စကြဝဠာရဲ့ကြီးမားတဲ့ဂုဏ်သတ္တိများကို တိုင်းတာဖို့ ဒီ FRB တွေကို စကြာဝဠာဗေဒဆိုင်ရာအတိုင်းအတာတွေအဖြစ် အသုံးဝင်နိုင်မလားဆိုတာကလည်း ပဟေဠိတခုဖြစ်နေတုန်းပါပဲ။
လျှင်မြန်တဲ့radio ပေါက်ထွက်မှု (FRB)အကြောင်း theoryတွေဒါဇင်လိုက်အဆိုပြုတင်ပြခဲ့ဖူးပါသည် တချို့ကရူပဗေဒစံနှုန်းသဘောတရားတွေနဲ့ ကိုက်ညီပါတယ်။ အခြား ပိုရှုပ်ထွေးနက်နဲပြီးစိတ်ကူးယဉ်ဆန်တဲ့ သီအိုရီတွေကိုအဆိုပြုထားတာလည်းရှိပါတယ်။ ဥပမာ (Cosmic strings) တွေက ဖြစ်နိုင်ဖွယ်ရာဟူ၍လည်းကောင်း၊ စကြဝဠာစဦး Dimension တခုတည်းရှိသေးတဲ့အချိန်မှာဖြစ်တဲ့ ဖြစ်စဉ်တွေကြောင့်ဟူ၍လည်းကောင်း၊ အချို့ဆိုလျှင် ဂြိုလ်သားတွေရဲ့ လှုပ်ရှားမှုတွေကြောင့်ဟူ၍လည်းကောင်း မျိုးစုံအောင် ဝိုင်းဝန်းအဆိုပြုထားကြပါတယ်။
FRB နဲ့ပတ်သက်လို့ Youtube Channel SciShow Space ကတင်ဆက်ထားတဲ့ Video
ယခုမှာfast radio bursts အကြောင်းအမှန်တရား ရှာဖွေရန်ကြိုးပမ်းမူမှာ အဆိုပြုလာတဲ့ သီအိုရီတခုချင်းစီနဲ့ ၎င်းတို့ရဲ့ အားသာချက်အားနည်းချက်တွေကို စာရင်းပြုစုထားတဲ့ catalogue တစ်ခုကိုဖန်တီးခဲ့ပါတယ် ။ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ သိပ္ပံပညာရှင်တွေက ဒီအချက်အလက်တွေကို နှိုင်းယှဉ်ပြီး အကောင်းဆုံးသီအိုရီကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အချက်အလက်အသစ်တွေနှင့်ဖြစ်စဉ်အသစ်တွေကိုလည်း တောက်လျောက်ပေါင်းထည့်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
ဒီdata အသစ်တွေထဲကအချို့ကိုအာဖရိကတိုက်ပေါ်မှာ တည်ဆောက်ထားတဲ့ Hydrogen Intensity and Real-time Analysis eXperient (HIRAX), MeerKAT, နဲ့ Square Kilometre Array (SKA) စီမံကိန်းတွေကနေရရှိမှာဖြစ်ပြီး
ဒီပလက်ဖေါင်းကနေရရှိတဲ့ တန်ဖိုးရှိအသိပညာများစွာကိုအခြေပြုကာ ရေဒီယိုလှိုင်းရုတ်ချည်းပေါက်ကွဲမှုဖြစ်ပွားရာနေရာတွေကို ခြေရာခံအတည်ပြုပေးနိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။
၎င်းကနောက်ဆုံးမှာတော့ ကျွန်ပ်တို့မျှော်လင့်ထားသည့်အတိုင်း လက်ခံနိုင်ဆုံးသောစံပြပုံစံကို သိပ္ပံနည်းကျတဲ့လူမှုသိပ္ပံပညာ အဖြစ် အတူတကွလုပ်ဆောင်ကြသော နိုင်ငံတကာသုတေသနပြုသူများက ထောက်ပံ့ပေးပါတယ်။ ဒီပလက်ဖေါင်းကနေ အာကာသစကြဝဠာနဲ့ဆိုင်တဲ့ တန်ဖိုးကြီးတဲ့ ဗဟုသုတအချက်အလက်တွေ အများကြီးရရှိမှာဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ နိုင်ငံတကာက သိပ္ပံပညာရှင်များစွာ ပူးပေါင်းပြီး လေ့လာကြမှာဖြစ်တဲ့အတွက် ပိုပြီးနက်နဲတဲ့ သိပ္ပံသဘောတရားတွေစုစည်းကာ ရုတ်ချည်းရေဒီယိုပေါက်ထွက်မှုဖြစ်စဉ်တွေအတွက် အကောင်းဆုံးဖြေရှင်းချက်ကို ထုတ်ပြန်ပေးနိုင်မယ်လို့ဆိုပါတယ်။
သူတို့ရဲ့နားလည်ရခက်တဲ့သဘာဝကြောင့် စတင်တွေ့ရှိချိန်ကစလို့ နက္ခတ္တဗေဒပညာရှင်၊ ရူပဗေဒပညာရှင်၊ စကြဝဠာဗေဒပညာရှင်၊ ရူပနက္ခတ္တဗေဒပညာရှင်တွေရဲ့ အထူးအလေးထားအာရုံစိုက်မှုကို ရရှိလာခြင်းဖြစ်ပါလိမ့်မယ်။
ရုတ်ချည်းရေဒီယိုပေါက်ထွက်မှုတွေနဲ့ပတ်သက်လို့ အခုအချိန်ထိ ထွက်ပေါ်ထားသမျှသီအိုရီတွေထဲက အဓိကသီအိုရီတွေကို အောက်မှဖော်ပြထားပါတယ်။
  • “ရုတ်ချည်းရေဒီရိုပေါက်ထွက်မှု(First Radio Burst-FRB)မှာ လည်ပတ်နှုန်း အရမ်းမြန်တဲ့ Pulsars တွေ သို့မဟုတ် သံလိုက်စက်ကွင်းပြင်းအားလွန်ကဲတဲ့ Magnetars တို့လို neutron star တွေပါဝင်ပတ်သက်နေပါတယ်”- neutron star တွေမှာအလွန်အားကောင်းတဲ့သံလိုက်စက်ကွင်းတွေရှိပြီး FRB တွေဖြစ်ပေါ်ဖို့ လုံလောက်တဲ့စွမ်းအင်ကို ထောက်ပံ့ပေးနိုင်တာကြောင့် ဒီသီအိုရီအဆိုပြုချက်ကို မှန်ကန်နိုင်ခြေအများဆုံးရှိတယ်လို့ သတ်မှတ်ထားပါတယ်။
  • Black hole, Neutron starနှင့်White dwarfs ကဲ့သို့နက္ခတ္တဗေဒနှင့်ဆိုင်သောခန္ဓာကိုယ်ထည်တွေ ပေါင်းစည်းတဲ့ ဖြစ်စဉ်တွေကနေ FRB တွေမြစ်ဖျားခံတယ်လို့လည်း အဆိုပြုထားပါတယ်။ ဒါကလည်း မြန်ဆန်ပြီး အင်အားကြီးမားတဲ့ပေါက်ကွဲမှုဖြစ်စဉ်တွေအတွက် အဆိုကောင်းတခုဖြစ်ပါတယ်။
ဒီလိုဖြစ်စဉ်တွေမှာအလွန်ကြီးမားတဲ့စွမ်းအင်ပမာဏက တိုတောင်းတဲ့အချိန်အတိုင်းအတာအတွင်း ပေါက်ထွက်နိုင်တာဖြစ်ပြီး ဒီဟာကfast radio bursts ကိုဆင်တူ radiation ဖန်တီးနိုင်ပါတယ်။
  • ပိုပြီးထူးဆန်းတဲ့အဆိုပုံစံအချို့မှာဆိုရင် ပိုပြီးအခြေခံကျတဲ့ theory ဆန်တဲ့ quark stars(quarks က neutron နဲ့ proton ပါဝင်တဲ့ subatomic particlesတွေဖြစ်တယ်) axion stars (axions ဆိုတာအလင်းများပြီး subatomic particles လို့မှန်းဆရသောအရာတွေဖြစ်တယ် ) Dark matter တွေက FRB ရဲ့အရင်းအမြစ်တွေလို့ အဆိုပြုထားပါတယ်။ Dark matter ဆိုတာကတော့ အခုထိ လက်တွေ့မှာရှာဖွေတွေ့ရှိနိုင်ခြင်းမရှိသေးတဲ့ စကြဝဠာ ဖွဲ့စည်းမှုမှာ ၂၇% လောက်ပါဝင်တယ်လို့ ယုံကြည်ထားကြတဲ့ hypothetical ဒြပ်သားတွေဖြစ်ပါတယ်။
  • အခြားဖြစ်နိုင်ခြေနည်းတဲ့ theory ကတော့ “FRB တွေက pulsors တွေမှာဖြစ်တဲ့ လျှပ်စီးလက်ခြင်း”လို့ အဆိုပြုထားခြင်းပါပဲ။
ဒီ FRB တွေကို ဂြိုဟ်သားတွေတည်ရှိမှုရဲ့ အထောက်အထားဖြစ်တယ်လို့လည်း အဆိုပြုထားတာတွေရှိပါတယ်။ ဒါဟာ ပုံမှန်ကခွဲထွက်နေတဲ့ အဆိုပြုချက်ဆိုပေမဲ့ လုံးဝဖြစ်နိုင်ခြေမရှိဘူးလို့တော့ ဆိုလို့မရနိုင်သေးပါဘူး။ဖြစ်နိုင်ခြေနည်းတယ်ဆိုပေမယ့် FRB တွေဟ ကျွန်ုပ်တို့ရဲ့ ဂလက်ဆီပြင်ပက ပိုအဆင့်မြင့်တဲ့ သက်ရှိအဖွဲ့အစည်းတွေက အသုံးပြုတဲ့ အချက်ပြစနစ်တွေ သို့မဟုတ် အလင်းရွက်သင်္ဘော(light sails – အလင်းဖိုတွန် တွန်းကန်အားဖြင့်ရွေ့လျားနိုင်သော ရွက်သင်္ဘောယာဉ်)တွေဆီက ထွက်ပေါ်လာတာလည်းဖြစ်နိုင်ပါတယ်။
ဒီလိုအဆိုပြုထားတဲ့ သီအိုရီပုံစံတွေမှာ မူကွဲတွေအတော်များများရှိနေခဲ့ပြီးတော့ အများသဘောတူညီတဲ့ အဖြစ်နိုင်ဆုံး သီအိုရီတွေကို ရွေးချယ်ထုတ်ယူဖို့ အတော်လေးအားထုတ်ခဲ့ရပါတယ်။ လက်ရှိအဆိုပြုတင်သွင်းထားတဲ့ သီအိုရီပုံစံ အခု ၅၀ ထဲက ၃ ခုကိုပဲ လုံးဝမဖြစ်နိုင်တဲ့ သီအိုရီတွေအဖြစ် ဖယ်ထုတ်ထားနိုင်ပါသေးတယ်။ ဖြစ်နိုင်ခြေရှိတဲ့ သီအိုရီပုံစံတွေက များပြားလွန်းလှတာကြောင့် သိပ္ပံလောကက ပညာရှင်တွေအားလုံးပါဝင် အကဲဖြတ်နိုင်အောင် အခုလို ကတ်တလောက်တခုပြုစုထားပြီး ဝင်ရောက်လေ့လာကြဖို့ ဖိတ်ခေါ်ရခြင်းဖြစ်ပါတယ်။

Platform for Debate

Fast radio bursts အကြောင်း သိပ္ပံပညာရှင်တွေတစ်ဦးနှင့်တစ်ဦးဆွေးနွေးစေဖို့ကမလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာတစ်ဝန်းလုံးမှ သိပ္ပံပညာရှင်တွေမှာ အမျိုးမျိုးသော စိတ်ဝင်စားမှုနယ်ပယ်တွေက ကွဲပြားစွာ ရှိနေတာကြောင့်ဖြစ်တယ်။

Online catalogue က ဆွေနွေးခြင်း၊ ငြင်းခုံခြင်းနှင့်အသိပညာမျှဝေခြင်းတွေအတွက် သင့်လျော်ပြီး နားလည်လွယ်သော ပတ်ဝန်းကျင်စနစ်တခုကို ထောက်ပံ့ပေးပါတယ်။ ဒီ စနစ်ထဲမှာ ဆွေးနွေးမှုအဆင့်ဆင့်ကို ခြေရာခံလေ့လာနိုင်အောင် ပြင်ဆင်ထားပြီး၊ ကျွန်ုပ်တို့အနေနဲ့ သိပ္ပံပညာရပ်ဆိုင်ရာ ဘယ်လိုပြောဆို ဆွေးနွေးငြင်းခုန်နေကြသလဲဆိုတာကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီဆွေးနွေးထားတဲ့ ဆွေးနွေးချက်တွေကိုလေ့လာပြီး အနာဂတ်မှာ ပိုကောင်းတဲ့ ဆွေးနွေးဝေမျှခြင်းဆိုင်ရာ ပတ်ဝန်းကျင်စနစ်တခုကို ဖော်ဆောင်နိုင်ဖို့လည်း မျှော်မှန်းထားပါတယ်။

သီအိုရီဆိုင်ရာ ရူပဗေပပညာရှင်တွေ အနေနဲ့ ဒီလိုနက်နဲရှုပ်ထွေးတဲ့ ပုစ္ဆာတွေကို ဝင်ရောက်မွှေနှောက်အဖြေရှာဖို့ကလည်း အရေးပါတဲ့တွန်းအားတခုဖြစ်ပါတယ်။
အခုဆိုရင် MeerKAT နှင့်HIRAX တို့လို ခေတ်ဆန်း စနစ်တွေကနေ FRB နဲ့ပတ်သက်တဲ့ Data တွေက အလုံးအရင်းနဲ့ ရရှိလာပြီဖြစ်ပါတယ်။ ဒီ Data တွေကိုစိစစ် လေ့လာပြီး တွေ့ရှိချက်တွေ၊ သီအိုရီတွေထုတ်ပြန်ကြပြီး၊ ဖြစ်နိုင်ချေရှိတဲ့ သီအိုရီပုံစံတွေကို တဆင့်ချင်းရွေးထုတ်သွားတယ်ဆိုရင် နောင် ၅ နှစ်အတွင်းမှာ FRB တွေအကြောင်းကို အပြည့်အဝ နားလည် ရှင်းပြနိုင်မယ်လို့ ယုံကြည်ထားပါတယ်။
သင့်အနေနဲ့ FRB ကိုရှင်းပြနိုင်တဲ့ သိပ္ပံပညာရှင်တယောက်ဖြစ်လာနိုင်တဲ့ အခွင့်အရေးမို့ https://frbtheorycat.org ကိုဝင်ရောက်လေ့လာနိုင်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။
ယခုဆောင်းပါးကို ဤ Link မှ အဓိက မှီငြမ်းတင်ဆက်ခြင်းဖြစ်ပါသည်။
https://curiosity.com/topics/fast-radio-bursts-are-a-mystery-but-scientists-are-uniting-to-figure-them-out-curiosity/
Sharing is caring