ငှက်မွှေးနဲ့ ဘိုးလင်းဘောကို လေဟာနယ်ထဲမှာအတူပစ်ချရင် ဘယ်ဟာက ပိုမြန်မြန်ကျမလဲ

လွန်ခဲ့တဲ့ B.C (၃)ရာစုမှာ Aristotle ဟာပေါ့ပါးတဲ့အရာဝတ္ထုထက် လေးလံတဲ့အရာဝတ္ထုကပိုပြီးလျှင်မြန်စွာကမ္ဘာမြေဆီသို့ကျကြောင်းရေးသားခဲ့ပါတယ်။သူ့ရဲ့ရှင်းပြချက်က အဲ့ဒီ အချိန်မှာတော့ ကြီးကျယ်လေးနက်စွာသြဇာလွှမ်းမိုးခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာပြီးနောက် ဒီရှင်းပြချက်ဟာအားလုံးနီးပါးမှားယွင်းနေခဲ့ပါတယ်။နှစ်ပေါင်း2000လုနီးပါးကြာပြီးနောက်မှာတော့ Galileo(ဂဲလီလီယို) က လေးလံတဲ့အရာဝတ္ထုနဲ့ ပေါ့ပါးတဲ့အရာဝတ္ထုက တူညီသောအရှိန်ဖြင့် တိကျစွာကမ္ဘာမြေပေါ်သို့ကျကြောင်း သက်သေပြခဲ့ပါတယ်။
ဒီစမ်းသပ်ချက်ကိုအောက်ပါ Link မှာသွားရောက်စမ်းသပ်နိုင်ပါတယ်။
http://demonstrations.wolfram.com/GalileosExperimentAtTheLeaningTowerOfPisa/
သူ့ရဲ့စမ်းသပ်ချက်က ရိုးရှင်း တဲ့ အတွက် ကျနော်တို့ ကိုယ်တိုင်လည်းလုပ်ဆောင်ကြည့် နိုင်ပါတယ်။ ပထမ အနေနဲ့ ငှက်မွှေးတစ်ခုနဲ့ဘိုးလင်းဘောလုံးတစ်လုံးကို ကမ္ဘာဂြိုလ်ရဲ့မည်သည့်နေရာကနေမဆို တူညီတဲ့အကွာအဝေးမှပစ်ချလိုက်မယ်ဆိုရင် ငှက်မွှေးနဲ့ဘိုးလင်းဘောလုံးတို့က မတူညီတဲ့အရှိန်တွေနဲ့ကျလာပါလိမ့်မယ်။ ငှက်မွှေးကမြေပြင်ဆီသို့ ဖြည်းညင်းစွာ လွှင့်မျောနေစဉ် ဘိုးလင်းဘောလုံးက ရုတ်တရက်မြေပြင်ဆီ ပြင်းထန်တဲ့အရှိန်နဲ့ ပြုတ်ကျလာမယ် ဆိုတာ အသေအချာပါပဲ။ ဒါပေမဲ့ ဒီရှင်းပြချက်ညီမျှခြင်းထဲမှာ ပါတဲ့ ကျနော်တို့ သတိမပြုမိလိုက်တဲ့ အရေးပါတဲ့အချက်တစ်ချက်ကျန်နေပါတယ်။ အဲ့တာကတော့ လေရဲ့ခုခံအားဘဲဖြစ်ပါတယ်။ငှက်မွှေးကအရမ်းပေါ့ပါးလွန်းတဲ့အတွက် ဘက်ပေါင်းစုံမှ၎င်းအပေါ်ကို သက်ရောက်နေတဲ့လေရဲ့ဖိအားဟာ ၎င်းငှက်မွှေးရဲ့အလေးချိန်အပေါ်သက်ရောက်နေတဲ့ ကမ္ဘာ့ ဆွဲအားကို ချေဖျက်နိုင်ဖို့လုံလောက်နေပါတယ်။ Galileoက ရိုးရှင်းတဲ့စမ်းသပ်ချက်တစ်ခုပြုလုပ်ပြီး Aristotle ရဲ့အမှားကို သက်သေပြခဲ့ပါတယ်။ သူက ရှေးခေတ်အမြောက်ဆံ(cannonballs)နှစ်ခုကိုအသုံးပြုခဲ့ပါတယ် (16ရာစုနှစ်မှာဘိုးလင်းကစားခြင်းက အီတလီမှာလူကြိုက်များတဲ့ကစားနည်းမဟုတ်ပေမယ့် အမြောက်တွေ(cannons)ကတော့ အတော်လေးခေတ်စားလာခဲ့ပါတယ်)။ ပြီးတော့သူဟာ Pisa (ပီဇာ) တာဝါပေါ်မှ အရွယ်အစားမတူတဲ့ ထို အမြောက်ဆံနှစ်ခုကိုပစ်ချခဲ့ပါတယ်။ Aristotle သာမှန်ခဲ့မယ်ဆိုရင် ပိုကြီးတဲ့ ရှေးခေတ်အမြောက်ဆံထက် ပိုသေးတဲ့ ရှေးခေတ်အမြောက်ဆံက နှေးကွေး ပြီး ကျသင့်ပါတယ်။ ဒါပေမဲ့လည်း နှစ်ခုလုံးက အတူတူပင် တိကျတဲ့အမြန်နှုန်း(9.8meter per second square)နဲ့ ပြုတ်ကျလာခဲ့ပါတယ်။ Galileo ရဲ့စမ်းသပ်ချက်ဟာ နောက်ပိုင်း မှာ Issac Newton ရဲ့ Modern Theory of Gravity ဖြစ်ပေါ်လာရန်အတွက် အရေးကြီးဆုံးအစိတ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။
အကယ်၍ ကျွန်တော်တို့က ငှက်မွှေး ကို ဘိုးလင်းဘောလုံးမှာ ချည်နှောင်ပြီး ၎င်းတို့ကို တူညီတဲ့အချိန်မှာပစ်ချလိုက်ခြင်းအားဖြင့် Galileoရဲ့ရှင်းပြချက်ကို ကျနော်တို့ရဲ့ကိုယ်ပိုင် versionနဲ့လည်း ပြုလုပ်နိုင်ပါသေးတယ်။ တစ်ခုထဲပစ်ချမယ့်အစား ငှက်မွှေးနဲ့ ဘိုးလင်းဘောလုံး နှစ်ခုတွဲပြီးပစ်ချလိုက်တဲ့အခါ ငှက်မွေးနဲ့ဘောလုံးအတွဲဟာ နှေးကွေးစွာမကျပါဘူး။ ဘာကြောင့်လဲဆိုတော့ ငှက်မွှေးကဘိုးလင်းဘောလုံးထက် ပေါ့ပေမဲ့လဲ သူတို့နှစ်ခုတွဲက တူညီတဲ့အချိန်နဲ့တိကျစွာကျသွားပါတယ်။
ဘိုးလင်းဘောလုံးနဲ့ ငှက်မွှေးဟာ လေစုပ်ထုတ်ထားတဲ့စမ်းသပ်ခန်းထဲမှာ ကမ္ဘမြေဆွဲအားကြောင့် တူညီတဲ့အလျင်နဲ့အောက်ကိုကျသွားပုံကိုပြသထားပါတယ်။
ကျနော်တို့ ဟာ ဖန်လုံအိမ်ထဲက လေအားလုံးကိုစုပ်ထုတ်လိုက်ခြင်းဖြင့်လဲ လေဟာနယ်တစ်ခုကို ဖန်တီးလို့ရနိုင်ပါတယ်။ ပြီးနောက် အဲ့ဒီလေဟာနယ် ထဲမှာ ပဲ ငှက်မွှေးနဲ့ ဘိုးလင်းဘောလုံးတို့ကို မည်သည့်အရာနဲ့မှတွဲမချည်ဘဲ ပစ်ချလိုက်မယ်ဆိုရင် သူတို့နှစ်ခုလုံးက တိကျတဲ့အချိန် တစ်ခုတည်းမှာဘဲ မြေပြင်ပေါ်သို့ရိုက်ခတ်ခဲ့တာကို တွေ့နိုင်ပါတယ်။ ဒီရှင်းပြချက်ကနှေးကွေးလေးလံစေတဲ့လေဟာနယ် chamber ကိုမဖြစ်မနေမလိုအပ်ပါဘူး။ Apollo 15 အာကာသမှူး David Scott က ဒီစမ်းသပ်ချက်ကို 1971 မှာ လပေါ်တွင် တူတစ်လက်နဲ့ သိမ်းငှက်မွှေးတစ်ခုကို အသုံးပြုပြီး ပြန်လည် ဖန်တီးစမ်းသပ် ခဲ့ပါတယ်။ Scott က MIT ရဲ့ လေကြောင်းအင်ဂျင်နီယာဘဲဖြစ်ပါတယ်။ သူကရူပဗေဒနဲ့ပတ်သက်ပြီးလည်း နားလည်ပါတယ်။ ဒါ့ကြောင့်ငှက်မွှေးနဲ့ တူ ကတူညီတဲ့အချိန်မှာ လရဲ့မျက်နှာပြင်ပေါ်ကိုကျပေမယ့်လည်း မအံ့သြခဲ့ပါဘူး။
David Scott ရဲ့ ငှက်မွှေးနဲ့တူ ကို လ ကမ္ဘာပေါ်မှာ ပစ်ချကြည့်တဲ့ စမ်းသပ်မှု
လ ရဲ့လေထုသိပ်သည်းဆ ဟာ ကမ္ဘာ့လေထုသိပ်သည်းဆထက် 10 quadrillion ဆ လျော့နည်းပါတယ်။ အဓိက ကတော့တည်ငြိမ်နေတဲ့နယ်ပယ်မှာ အမှုန်တွေက အဲ့ဒီဂြိုလ်ရဲ့ မျက်နှာပြင်အပေါ်ဘက် 10cm လောက်မြင့်တက်နေတယ်။ Modern ပရိတ်သတ်ဖြစ်သူ Scott စမ်းသပ်မှုရဲ့ရလဒ်က ဘာလဲဆိုတာသိပေမယ့်လည်း ဒီစမ်းသပ်ချက်ကို တိုက်ရိုက်ထုတ်လွှတ်သည့်အခါ သမိုင်းဆိုင်ရာ ရတနာတစ်ခုကို မှတ်သားရန် ကျန်ရှိနေသကဲ့သို့ကြည့်ရှုခဲ့ကြပါတယ်။
ယခုဆောင်းပါးကို ဤ Link မှ အဓိကမှီငြမ်းဖော်ပြပါသည်။
https://curiosity.com/topics/feathers-and-bowling-balls-act-strangely-in-a-vacuum-curiosity/
Sharing is caring