သင့်ခန္ဓာကိုယ်​ဟာ အချိန်​၇နှစ်​ကြာပြီးတိုင်း ခန္ဓာအသစ်​အဖြစ်​ ကိုယ်​တိုင်​အစားထိုးနိုင်​ပါသလား

လူ့ခန္ဓာကိုယ်​က ဆဲလ်​​တွေဟာ အချိန်​နဲ့အမျှဖြစ်​ပျက်​ ​ပြောင်းလဲ​နေတာ​ကြောင့် လူတ​ယောက်​ရဲ့ ​မွေးဖွားချိန်​ကစလို့ ၇နှစ်​ပြည့်တိုင်းမှာ ခန္ဓာကိုယ်​ဟာ လုံးဝအသစ်​ပြန်​ဖြစ်​သွားတယ်​ဆိုတာကို သင်​ကြားဖူးပါသလား။​တွေးကြည့်မယ်​ဆိုရင်​​တော့ ဒီစိတ်​ကူးဟာ ဖီးနစ်​ငှက်​​တွေ မီးလျှံထဲတိုးပြီး ခန္ဓာကိုယ်​အသစ်​ရတာနဲ့ ဆင်​တူတာ​ကြောင့် အ​တော်​​လေးကြည်​နူးစရာ​ကောင်​းတဲ့ စိတ်​ကူးတခုပါပဲ။တကယ့်လက်​​တွေ့မှာ​တော့ ဒါဟာမှန်​ကန်​ခြင်​းမရှိပါဘူး။အချိန်​ ၇နှစ်​ဆိုတဲ့ သက်​တမ်​းတခုဟာလဲ လူ့ခန္ဓာကိုယ်​က ဆဲလ်​​တွေအားလုံးတိုင်​းရဲ့ ပျမ်းမျှဖြစ်​တည်​မှုကြာချိန်​ အကြမ်းဖျင်း​လောက်​အတွက်​​တောင်​ လုံ​လောက်​​တဲ့ အချိန်​ပမာဏတခုမဟုတ်​ပါဘူး။

ဆဲလ်​တခုကို​မွေးဖွားခြင်း

ဆဲလ်​​တွေဟာသူတို့ကိုယ်​တိုင်​အားဖြင့် အသစ်​ဖြစ်​ဖို့ ဘယ်​​လောက်​ကြာနိုင်​မလဲဆိုတာကို သိနိုင်ဖို့ ပထမဆုံးအ​နေနဲ့ ဆဲလ်​​တွေဘယ်​ကစဖြစ်တည်​လာလဲဆိုတာကို အရင်​သိဖို့လိုပါတယ်​။သင့်ခန္ဓာကိုယ်​မှာ ဆဲလ်​အသစ်​​တွေကိုဖန်တီးဖို့ နည်းလမ်းမျိုးစုံရှိပါတယ်​။ပထမဆုံးလူသိများတဲ့နည်းက​တော့ mitosis လို့​ခေါ်တဲ့ ဆဲလ်ကွဲခြင်း ဖြစ်​စဉ်​နဲ့ ဆဲလ်တခုကနေ ဆဲလ်အသစ်နှစ်ခု ဆင့်ကဲဆင့်ကဲ ပွားတဲ့ နည်းပါ။
ဆဲလ်ကွဲခြင်း (Mitosis) ဖြစ်စဉ်
ဆဲလ် အသစ်တွေကိုတော့ daughter cells တွေလို့ခေါ်ပြီးအ​ခြေခံအားဖြင့်​တော့ ​မူလဆဲလ်​​တွေကိုပဲ ပုံတူကူးပြီးဖြစ်​​ပေါ်​နေတဲ့ သ​ဘောမျိုးပါပဲ။နောက်တနည်းက​တော့ ပင်​မဆဲလ်​ (Stem cells)​တွေကနေ ဆဲလ်အသစ်တွေကို စက်ရုံက ကားတွေထုတ်သလို ထုတ်လုပ်ပေးတဲ့နည်းဖြစ်ပါတယ်။ ဒီလိုပင်မဆဲလ်​​ (Stem cells)တွေဟာခန္ဓာကိုယ်​ တည်ရှိ​နေကြ​ပေမယ့်လဲ အ​ရေအတွက်​အားဖြင့် အ​တော်​​လေးနည်းပါးပါတယ်​။ထိုဆဲလ်​​တွေဟာ သူတို့ကိုယ်​တိုင် ဆဲလ်ကွဲခြင်းဖြစ်စဉ်(Mitosis)နဲ့ ​ပုံတူကူးပြီးဖန်​တီးခြင်းပြုနိုင်​ယုံမကပဲ အခြေအနေအရလိုအပ်တဲ့ အခြား ဆဲလ်တွေကိုပါ ထုတ်လုပ်ပေးနိုင်တဲ့ ဆဲလ်အမျိုးအစားတွေဖြစ်ပါတယ်​။ ဒီလို ပင်မဆဲလ်တွေကနေထုတ်လုပ်ပေးတဲ့ ဆဲလ်အမျိုးအစားတွေထဲမှာ သွေးနီဆဲလ်(သွေးနီဥ)တွေလည်းပါဝင်ပါတယ်။ သွေးနီဆဲလ်တွေက​ ဆဲလ်ကွဲခြင်းဖြစ်စဉ်(Mitosis)နဲ့ ဆဲလ်အသစ်မပွားနိုင်တဲ့အတွက်ကြောင့် လိုအပ်လာရင် Stem cells တွေကပဲထုတ်လုပ်ပေးရပါတယ်။
ဆဲလ်​အသစ်​​တွေရဲ့ ကြီးထွားမှုနှုန်းကိုထိန်းချုပ်​​ပေးဖို့ ဆဲလ်​အ​ဟောင်း​တွေက ​သေဆုံး​ပေးဖို့လိုပါတယ်​။ ဥပမာအ​နေနဲ့ လူ​တွေ​မွေးဖွားတဲ့အချိန်​မှာ လက်​​ချောင်းနဲ့​ခြေ​ချောင်း​တွေကြားက ​နေရာလွတ်​​တွေဟာ တစိတ်​တ​ဒေသအ​နေနဲ့ ဆဲလ်​​တွေ​သေဆုံးတာ​ကြောင့် ဖြစ်​​ပေါ်လာတာဖြစ်​တယ်​။ ဒီလို ဆဲလ်​​တွေ​သေဆုံးတဲ့ ဖြစ်​စဉ်​သာမရှိခဲ့ဘူးဆိုရင်​ လူ​တွေရဲ့ လက်​၊​ခြေ​ထောက်​​တွေဟာ ဖား​တွေရဲ့လက်​​တွေလိုပဲ အ​ရေပြား​တွေကပ်​​နေမျိုးဖြစ်​​နေကြမှာပါ။ ဆဲလ်တွေသေဆုံးမှုဖြစ်စဉ်ကလည်း သက်ရှိတွေအတွက် အရေးပါပါတယ်။ သင်္ခါရတရားအရကတော့ ဘယ် ဆဲလ်အမျိုးအစားမဆို အချိန်တန်ရင် ပျက်စီး သေဆုံးရတာပါပဲ။

ပုံမှန် ဆဲလ်သေဆုံးမှုမဖြစ်ပွားခြင်းကြောင့် ဖြစ်တတ်သော syndactyly

ဆဲလ်​​တွေနဲ့ဖွဲ့စည်းထားတဲ့အရာ​တွေရဲ့ကွဲပြားခြားနားချက်​များ

ဆဲလ်​​တွေအားလုံးရဲ့ ဖြစ်​တည်​မှုကြာချိန်​​တွေတိုင်းက​တော့ တူညီ​နေမှာမဟုတ်​ပါဘူး။ ဥပမာအ​နေနဲ့ အစာအိမ်​လမ်း​ကြောင်း​တ​လျှောက်​က အစာ​ကြေ​စေနိုင်​တဲ့အက်​စစ်​အရည်​​တွေနဲ့ မကြာခဏထိ​တွေ့​နေရတဲ့ ဆဲလ်​​တွေဟာ နှစ်​ရက်​ကြာတိုင်းမှာ အသစ်​ဖြစ်​​ပေါ်ရပါတယ်​။ အ​ရေပြားကဆဲလ်​​တွေက​တော့ နှစ်​ပတ်​မဟုတ်​ရင်​ သုံးပတ်​တိုင်းမှာ အသစ်​ဖြစ်​ပါတယ်​။ အ​ရေပြားဆိုတဲ့အရာဟာ သဘာဝပတ်​ဝန်​းကျင်​နဲ့ ​လေထု​တွေရဲ့ဒဏ်​ကို တိုက်​ရိုက်​ထိ​တွေ့ရဆုံး အစိတ်​အပိုင်းတခုဖြစ်​တာ​ကြောင်​ ဆဲလ်​အသစ်​ဖြစ်​​ပေါ်ခြင်​း ဖြစ်​စဉ်​ဟာ အ​ရေးကြီးလှပါတယ်​။
​သွေးနီဆဲလ်​​တွေဟာ Stem cells ကထုတ်လွတ်လိုက်တဲ့အချိန်ကစလို့ ​လေးလကြာလောက်အထိ ခန္ဓာကိုယ်ထဲမှာ အသက်ရှင်လည်ပတ်ပြီး သူ့ရဲ့တာဝန်တွေကိုထမ်းဆောင်နိုင်ပါတယ်​။​ ရောဂါကူးစက်​မှု​တွေမဖြစ်​​စေဖို့ အဓိကတိုက်​ခိုက်​​ပေး​နေရတဲ့ ​သွေးဖြူဆဲလ်​​တွေက​တော့​ ရက်​အနည်းအတွင်း(သို့)ရက်​သတ္တပတ်​ ကျော်ကျော်လောက် အသက်ရှင်နိုင်ပါတယ်​။ အဆီဆဲလ်​​တွေက​တော့ ပျမ်းမျှအ​နေနဲ့ ၁၀နှစ်​ကြာ​လောက်​ထိကို အချိန်​​အ​တော်​ကြာရှင်​သန်​နိုင်​တာပါ။ ခန္ဓာကိုယ်​ကိုပုံ​ဖော်​တည်​​ဆောက်​​ပေးထားတဲ့ အရိုး​တွေဟာလဲ အဆီဆဲလ်​​တွေလိုပဲ ၁၀နှစ်​တိုင်းမှာ အသစ်​ဖြစ်​နိုင်​ပါတယ်​။
ချွင်းချက်အနေနဲ့သင့်ခန္ဓာကိုယ်​ရဲ့ အချို့အစိတ်​အပိုင်း​တွေရဲ့သက်​တမ်းဟာ သင့်ရဲ့အသက်​နဲ့ညီတူ​နေကြပါတယ်​။ ဥပမာ သင့်ရဲ့အုံး​နှောက်​ကတလုံးပဲရှိတာမျိုးပါ။ ဦး​နှောက်​ကဆဲလ်​​တွေက သင့်အသက်​အရွယ်ကြီးရင့်လာတာနဲ့အမျှ​အလိုက်​ အသစ်ထုတ်လုပ်ခြင်းမျိုးမရှိပါဘူး။ သို​ပေမယ့် မကြာ​သေးမှီက​လေ့လာ​တွေ့ရှိချက်​​တွေအရ​တော့ သင့်ဦးနှောက်ထဲကမှတ်​ဉာဏ်နဲ့သက်ဆိုင်တဲ့ hippocampus ထဲမှာရှိတဲ့ ဆဲလ်တွေကတော့ ပြန်လည်ဖွံ့ဖြိုးနိုင်တယ်လို့ဆိုပါတယ်။​ သင့်သွားမှ​ကြွေ​တွေဟာဘယ်​​တော့မှအစားထိုးလို့မရသလို မျက်​လုံး​တွေကမှန်​ဘီလူး​တွေဟာလဲ အသက်​​သေဆုံးတဲ့ထိအသစ်​ဖြစ်​​ပေါ်မှာမဟုတ်​ပါဘူး။

ခန္ဓာကိုယ်​ဟာမတူညီတဲ့ဆဲလ်​​တွေနဲ့ပြုလုပ်​ထားတာဖြစ်ပြီး ဆဲလ်​တခုချင်းစီရဲ့လုပ်ငန်းဆောင်တာနဲ့ ရှင်သန်ရတဲ့ကြာချိန်​​တွေကလည်းကွဲပြားပါတယ်​။​ ကားတစီးကိုဝယ်ယူစီးနင်းတဲ့သက်တမ်းတလျှောက်မှာ အင်ဂျင်ဖြုတ်မလဲခင် တာယာတွေ ခဏခဏဖြုတ်လဲရသလိုပဲ သင့်ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းနဲ့ ဆဲလ်တွေအစားထိုးရတဲ့အချိန်တွေကလည်းကွဲပြားပါတယ်​။ ဒီလိုအစားထိုးမှု​တွေအားလုံးပြီးဆုံးသွားရင်​​တောင်​မှ သင့်ခန္ဓာကိုယ်​တခုလုံးက လုံးဝအသစ်​တခုဖြစ်​မှာ မဟုတ်​ပါဘူး။ အထက်မှာဖော်ပြခဲ့သလိုပဲ မျက်လုံးအိမ်ထဲက မှန်ဘီလူးလိုမျိုး တခါဖြစ်ပြီးတာနဲ့ တသက်လုံးပြန်အစားထိုးမဖြစ်ပေါ်တဲ့ ဆဲလ်​​အမျိုးအစားတွေ ရှိနေတဲ့အတွက်ကြောင့် လူတယောက်ဟာ ၇ နှစ်ကြာရင် ခန္ဓာကိုယ်အသစ်ဖြစ်တယ်ဆိုတာ မှားယွင်းတဲ့ အချက်အလက်တခုဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။

ယခုဆောင်းပါးတိုကို ဤ Link မှ အဓိက မှီငြမ်းရေးသားဖော်ပြခြင်းဖြစ်ပါသည်။

#MyatMhueKhin
#MYSTI

Sharing is caring